Pages

Saturday, January 10, 2015

ဓားစာခံ ဖမ်းထားတဲ့ ၂ နေရာစလုံးကို ပြင်သစ်ရဲတွေ ၀င်စီး ( စနေနေ့ မနက် ၁း၀၀ )


RangonNewsDaily:: January . 10 .2015
ပြင်သစ် နိုင်ငံမှာ ဓားစာခံတွေ ဖမ်းဆီး ခံထားရတဲ့ နေရာ နှစ်နေရာ စလုံးကို ပြင်သစ် အထူးရဲတွေက ဝင်ရောက် ရှင်းလင်း ခဲ့ပါတယ်။
နိုင်ငံ မြောက်ပိုင်း ဒါမာတန် မြို့က ပုံနှိပ်လုပ်ငန်း ဂိုဒေါင်ကို ဝင်ရောက် စီးနင်းရာမှာ မဂ္ဂဇင်းတိုက်ကို ပစ်ခတ် ခဲ့သူတွေလို့ သံသယရှိတဲ့ သေနတ်သမား ညီအစ်ကို နှစ်ယောက်စလုံးကို အသေ ဖမ်းမိခဲ့ပါတယ်။

သူတို့တွေ ဖမ်းဆီး ထားခဲ့တဲ့ ဓားစာခံကတော့ အသက်ရှင် လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
::
နောက်ဆုံးရရှိတဲ့သတင်းတွေအရ ဒမာတန် အွန်ဂိုလ် စက်မှုလက်မှုမြို့ငယ်လေးက သေနတ်သမားနှစ်ဦးပုန်းအောင်းနေတဲ့ ပုံနှိပ်စက်ရုံကို ပြင်သစ် အထူးတပ်ဖွဲ့တွေ က စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် သေနတ်သမားနှစ်ဦးစလုံးသေဆုံးသွားပြီး သူတို့ ဖမ်းထားတဲ့ ဓါးစာခံ ကတော့ လွတ်မြောက်သွားပါတယ်။
::
ညနေစောင်းနေဝင်ချိန်မှာ အနက်ရောက်ယူနီဖောင်းတွေ ဝတ်ဆင်ထားတဲ့ ပြင်သစ်
ကွန်မန်ဒိုတွေက ပုံနှိပ်ကုမ္ပဏီပိုင် ဂိုဒေါင်ကို စီးနင်းတိုက်ခိုက်ရာမှာ သေနတ်သမားနှစ်
ဦးက သေနတ်တွေနဲကပြန်လည် ပစ်ခတ်ပြီး အဆောက်အဦထဲကထွက်လာရာမှာ အသေဖမ်းမိပါတယ်။

BBC Burmese ::--KOLATT(PBDN)
RangonNewsDaily







0 comments:

Post a Comment

 
world time