Pages

Saturday, January 10, 2015

ရေခဲသေတ္တာသို့ သွယ်တန်းထားသော ၀ါယာကြိုးအပူလွန်ကဲပြီး ရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်


RangonNewsDaily:: January . 10 .2015
၉.၁.၂၀၁၄ရက်နေ့ ၁၂၃၀အချိန်တွင် ဒလမြို့နယ်၊ တံတားချောင်းကျေးရွာ၊ စံပြ(၄)လမ်း၌ နေအိမ် အား မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါလမ်းရှိ မနွယ်နီးဝင်း(၃၅)နှစ်၏ နေအိမ်မီးဖိုခန်းတွင်ထားရှိသောရေခဲသေတ္တာသို့ သွယ်တန်းထား
သည့် လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲရာမှရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ၎င်း၏နေအိမ်နှင့် ကပ်လျက်
နေအိမ်တစ်ခြမ်းတို့အား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်
ရှိပြည်သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများရောက်ရှိ ငြှိမ်းသတ်ခဲ့၍ ၁၂၄၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရှိရပါသည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မနွယ်နီအား ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးနယ်မြေရဲစခန်း (ပ)၄/၂၀၁၅၊ ပြစ်မှုပုဒ်မ
 ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment