Pages

Saturday, January 10, 2015

ကားသွင်းခွင့်တင်းကျပ်၍ ကားဈေးတက်

RangonNewsDaily:: January . 10 .2015
မော်တော်ယာဉ်တင်သွင်းခွင့်နှင့် ပတ်သက်၍ အစိုးရက တစ်ဦး တစ်ယောက်ချင်း လွတ်လပ်စွာ တင်သွင်းခွင့် (free permit) အားတင်းကျပ် လိုက်သည့်အတွက် လက်ရှိအချိန်တွင် ကားဈေး ကွက်၌ မော်ဒယ်မြင့် ကားများ ၏ ဈေးနှုန်းများကျပ် ၁၀ သိန်းမှ ၁၅ သိန်းထိ မြင့်တက်သွားကြောင်း လှိုင်မြို့နယ် ယာဉ်ရောင်းဝယ်ရေးစခန်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ဇန်န၀ါရီ ၇ ရက် တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

““ဖရီးပါမစ်နဲ့ တင်သွင်းတာတွေက ထောက်ခံစာအဆင့်ဆင့်နဲ့ လူကိုယ်တိုင် သွားတွေ့ရတာမျိုးတွေ ဆိုတော့ လွယ်တော့ မလွယ်ဘူးပေါ့။ ရန်ကုန်မြို့မှာက ကားတွေက အရမ်းကျပ်နေတာဆိုတော့ ဖရီးပါမစ်ကို တင်းကျပ် တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဖရီးပါမစ်ကို လွှတ်တုန်းက အရမ်းလွှတ်ထားပြီး အခုမှ ပြန်တင်း ကျပ်တာကျ တော့ အဆင်မပြေဘူး။ ဖရီးပါမစ်ရဲ့သွင်းတဲ့ မော်ဒယ်မြင့်ကားတွေ အားလုံးဈေးတက်ကုန်တယ်””ဟု ၎င်းက ပြောကြားသည်။…

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် စီးပွားကူးသန်းဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်အတွက် ကားတင်သွင်း ခွင့် လျှောက်သည့်အခါ လူကိုယ်တိုင် လာရောက်ရမည့် အချက်အပါအ၀င် တင်သွင်းရမည့် ကား မော်ဒယ်စာရင်း များကိုထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာလ ၁၈ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကားတင်သွင်းခွင့်အတွက် စည်းကမ်းချက်(၈)ချက်ကို ထပ်မံထုတ်ပြန်ခဲ့သည်။

ထို့အပြင် တိုင်းဒေသကြီးအစိုးရက ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ ဆိပ်ကမ်းရောက်ပြီး ကားများကို လိုင်စင် ချ မပေးတော့သည့်အသိပေးချက်အား ထပ်မံထုတ်ပြန်ခဲ့ပြီး စီးပွားကူးသန်းဝန်ကြီးဌာန မှထုတ်ပြန်သော ကားပါ ကင်ရှိမှသာ ကားတင်သွင်းခွင့်ပြုမည်ဆိုသော အချက်ကြောင့်လည်း ကားဈေးကွက်အတွင်း ဈေးနှုန်း မငြိမ် သက်မှုများ ဖြစ်ပေါ်ခဲ့သည်။

““တင်သွင်းခွင့်က အကျပ်အတည်း တွေဖြစ်တော့ အဲဒီပေါ်မှာ မူတည်ပြီး ဈေးတွေက တက်သွားတာေ ပါ့။ လော လောဆယ် က မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒက ဘာမှန်းမသိသေးတော့ မူဝါဒတစ် ခုငြိမ်သွားရင်ေ တာ့ ဈေးတွေလည်းပြန်ငြိမ် သွားမှာပေါ့။ အင်ဂျင်ပါဝါ (၁ဒသမ၃)တွေက ဖရီးပါမစ်အနေနဲ့ ပေးထားတော့ အဲဒီအမျိုး အစားတွေက ဈေးတက်တာပေါ့””ဟု Ingyin ကားအရောင်းစင်တာမှ ဦးဇော်ကြီးက မြန်မာသံတော်ဆင့် သို့ပြောသည်။

၂၀၁၅ ခုနှစ်တွင် မော်တော်ယာဉ် တင်သွင်းခွင့်နှင့် မူဝါဒတွင် ပါမစ်ကြိုတင်ရ မည့်စည်းကမ်းချက်ပါ ရှိခြင်း ကြောင့် တစ်ပိုင်တစ်နိုင် ကားတင်သွင်း သူများအတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပြီး ယင်းကြောင့်လည်း ကားဈေးနှုန်းများ မြင့်တက် ရခြင်းဖြစ်ကြောင်း ကားဝယ်ရောင်းပြုလုပ်သူများက သုံးသပ်ပြောဆိုကြသည်။

““၂၀၁၄ တုန်းက ကားတစ်စီးတင် သွင်းမယ်နေရင် ဆိပ်ကမ်းရောက်တဲ့ အခါကျမှ ပါမစ်ကို တင်လိုက်တယ်။ အခုကျတော့ ပါမစ်ကျအောင် အရင်လုပ်ပြီးမှ တင်သွင်းရမယ်ဆိုတော့ ပါမစ်ကျဖို့အတွက်လည်း ဒေါ်လာ ၅၀၀၀ လောက်ကြိုရင်းထားရတယ်ဆိုတော့ ကားဈေးတက်တာ အဲဒီစရိတ်တွေကြောင့်လည်း ပါတယ်။ 

အခုက အရောင်းအ၀ယ် ကတော့ အေးတယ်။ဈေး ကတော့တက်နေတာပေါ့။ 1300CC ထဲက Honda Fit, Belta တို့လို ကားမျိုးတွေက အများဆုံး ဈေးတက်တယ်။ မော်ဒယ်မြင့် ရင် မြင့်သလိုတက်တာပေါ့””ဟု united eleven company (မော်တော်ယာဉ်မျိုးစုံ အရောင်းနှင့် အငှားဝန်ဆောင်မှု)မှ မန်နေဂျင်း ဒါရိုက်တာဦးအောင်သူ က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာသံတော်ဆင့် , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment