Pages

Saturday, January 10, 2015

စနေနေ့နံနက်စောစော မှောက်ပြန်ပြီ ဘတ်စ်ကား


RangonNewsDaily:: January . 10 .2015
စနေနေ့နံနက် ၀၇း၄၅ အချိန်တွင် အလုံမြို့နယ်၊ သခင်မြပန်းခြံလမ်းအတိုင်းတောင်မှမြောက်
သို့ မောင်းနှင်လာသော 9A---- HINO BUS သည်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသင်
တန်းကျောင်းရှေ့အရောက် အရှိန်မထိန်းနိုင်ဘဲ ၀ဲဘက်သို့တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်းYangon Policeမှသိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူ သံဃာတော်(၂)ပါး၊ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၄)ဦးတို့တွင် ဖူးရောင်၊ စုတ်ပြဲ၊
 နာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသဖြင့်ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်အတွင်း/ပြင်ပ(မစိုးရိမ်ရ)လူနာများအဖြစ်ကုသမှု
ခံယူခဲ့ရသည်။


ယင်းသို့ မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ကာ ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်း

(စုံစမ်းဆဲ) အား အလုံမြို့မရဲစခန်း ယာဉ် (ပ)၂/၂၀၁၅၊ ပြစ်မှုပုဒ်မ၃၃၈/၃၃၇/၂၇၉/၂၀၂ ဖြင့်အမှုဖွင့် အရေးယူကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း Yangon Policeမှသိရသည်။။

ဓါတ်ပုံ-Yangon Police
Popular Myanmar ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment