Pages

Thursday, January 8, 2015

ဖုန်းတွင် တပ်ဆင်အသုံးပြုနိုင်သော DJI Inspire One ကင်မရာ


RangonNewsDaily:: January . 8 .2015
DJI သည် မကြာသေးမီက လူများစွာ အံ့အားသင့်ခဲ့ရသည့် Inspire One အဝေးထိန်း လေယာဉ်သစ်ကို မိတ်ဆက်ပြသခဲ့သည်။ အဆိုပါ အဝေးထိန်လေယာဉ်သည် 4K ကင်မရာပါဝင်သည့် ပထမဦးဆုံး အဝေးထိန်း လေယာဉ်ဖြစ်လာခဲ့သည်။
ယခုအခါတွင် DJI သည် ရုပ်ရှင်ရိုက်ကူးသူများက ဖုန်းဖြင့် တွဲဖက်ကာ ကောင်းကင်ပေါ်မှ မြေပြင်အနေအထားကို ရိုးရှင်းစွာ ဗွီဒီယိုရိုက်ကူးမှုများ ပြုလုပ်နိုင်သည့် Inspire ကင်မရာကို CES 2015 တွင် ထုတ်ဖော်ပြသခဲ့သည်။

Inspire One ကင်မရာတွင် mode နှစ်ခုပါဝင်ပြီး ပထမတစ်ခုမှာ သုံးစွဲသူ၏ လှုပ်ရှားမှုကို ခြေရာခံပေးကာ ဒုတိယတစ်ခုမှာ ရိုက်ကူးမည့် ဧရိယာတွင် focus ကို ထားရှိပေးမည် ဖြစ်သည်။ အဆိုပါကင်မရာကို ဖုန်းတွင် တပ်ဆင်လိုက်သည့်အခါ analog ထိန်းချုပ်မှုများကို လွယ်ကူစွာ လုပ်ဆောင်နိုင်သည်။

DJI သည် Inspire One ကင်မရာ ရောင်းချမည့် ဈေးကို မထုတ်ပြန်သေးသော်လည်း ၂၀၁၄ ခုနှစ် ဒုတိယ သုံးလပတ်အတွင်း ထုတ်လုပ်ရောင်းချသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုကင်မရာသည် ငွေကြေးအနည်းငယ်ဖြင့် ရုပ်ရှင်ရိုက်ကူးမည့်သူများအတွက် အလွန်အသုံးဝင်သည့် ကင်မရာဖြစ်လာမည် ဖြစ်သည်။

Ref: CNET , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment