Pages

Thursday, January 8, 2015

တာမွေမြို့နယ်၊ မင်းရဲကျော်စွာ ရထားသံလမ်း ဂုံကျော်တံတားပေါ်မှ အငှားယာဉ်တစ်စီး အရှိန်လွန် ကာ ပြုတ်ကျမှုဖြစ်


RangonNewsDaily:: January . 8 .2015
၈.၁.၂၀၁၅ ရက်နေ့ ၁၄၁၅ အချိန်တွင် တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်းအတိုင်း တာမွေ
ဘက်မှ သင်္ဃန်းကျွန်းဘက်သို့ မောင်းနှင်လာသော 6D---- HONDA Fit အငှားယာဉ်သည် မင်းရဲကျော်စွာ ရထားသံလမ်း ဂုံကျော်တံတားပေါ်အရောက် အရှိန်လွန်ကာ ရထားသံလမ်းပေါ်
သို့ ပြုတ်ကျသွားခဲ့သည်။


ထိုသို့ပြုတ်ကျခဲ့သဖြင့် ယာဉ်မောင်း(စိစစ်ဆဲ)၊ ယာဉ်ပေါ်ပါခရီးသည် အမျိုးသားတစ်ဦး(စိစစ်
ဆဲ)နှင့် အမျိုးသမီးတစ်ဦး(စိစစ်ဆဲ)တို့မှာ ဒဏ်ရာများရရှိခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment