Pages

Thursday, January 8, 2015

တောင်ငူတည်းခိုခန်း ဗုံးခွဲတရားခံ စောထွန်းထွန်းကို သေဒဏ်ချမှတ်


RangonNewsDaily:: January . 8 .2015
တောင်ငူမြို့ တည်းခိုခန်းဗုံးဖောက်ခွဲမှု တရားခံစောထွန်းထွန်းကို တောင်ငူခရိုင် တရားရုံးက သေဒဏ်အမိန့် ချမှတ်လိုက် ကြောင်း သတင်းရရှိသည်။
၂၀၁၃ အောက်တိုဘာ အတွင်းက မြန်မာနိုင်ငံအနှံ့တွင် ဗုံးပေါက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ တောင်ငူမြို့ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှု သံသယ တရားခံ စောထွန်းထွန်းကို တောင်ငူမြို့နယ် တရားရုံးက ယနေ့ ဇန်န၀ါရီ ၇ ရက် ညနေ ၄ နာရီက အပြီးသတ်စီရင်ချက်အဖြစ် ကြိုးပေးသတ်ရန် သေဒဏ်ချမှတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

‘‘ဒီနေ့ ညနေ ၄ နာရီတုန်း က ခရိုင်တရားရုံးမှာ သေဒဏ်ချ လိုက်တယ်။ ပြီးတော့ နောက် ပုဒ်မတစ်ခုနဲ့ ထောင်ဒဏ် ၇ နှစ် ထပ်ချသေးတယ်။ အရင်တုန်းက သူ့ကိုထောင်ဒဏ်ဆယ်နှစ်ချ ထားတာကို ပုဒ်မတွေ ထပ်တိုးလိုက်တာ၊ သူက ကျောက်ကြီးမြို့ ဇာတိလို့ သိရပါတယ်။ အယူခံ တက်လို့ ရတယ်ပြောတယ်’’ ဟု တောင်ငူဒေသခံအမျိုးသားက ပြောသည်။
::
၂၀၁၃ အောက်တိုဘာ အတွင်း တောင်ငူဗုံးပေါက်ကွဲမှု ဖြစ်ရပ်ကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်။ ထို့နောက် စောထွန်းထွန်းကို ဖမ်းဆီးမိကာ သူကိုယ်တိုင် ဖောက်ခွဲခဲ့ကြောင်း ၀န်ခံသဖြင့် ယခုနှစ် ဇူလိုင်တွင် ပေါက်ကွဲစေ တတ်သော သတ္တုပစ္စည်းများ ဆိုင်ရာဥပဒေအရ ထောင်ဒဏ်ဆယ်နှစ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက် ရန်ကုန်မြို့ စော်ဘွား ကြီးကုန်း၊ သာကေတနှင့် ဆူးလေ ဘုရားလမ်းပေါ်ရှိ ကုန်သည်ကြီး များဟိုတယ်(ဆူးလေရှန်ဂရီလာ ဟိုတယ်)တို့တွင် ဗုံးပေါက်ကွဲခဲ့ သဖြင့် အမေရိကန်နိုင်ငံသူတစ်ဦး အပါအ၀င် လူသုံးဦး ဒဏ်ရာရခဲ့သည်။ ထို့အပြင် မန္တလေး၊ စစ်ကိုင်း မြို့နှင့် ရှမ်းပြည်နယ်တို့တွင် လည်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ သည့်အပြင် မြို့များတွင် ဗုံးလန့် မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
::
ဆက်တိုက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော သံသယတရားခံ စောနေတိုးကိုမူ ယနေ့ထိ ဖမ်း ဆီးနိုင်ခြင်း မရှိသေးဘဲ သံသယ ရှိသူ ရွှေထုတ်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်တစ်ဦး၊ ၎င်း၏ဒါရိုင်ဘာနှင့် ထရိတ်ဒါးဟိုတယ်၌ ဗုံးထားခဲ့ သော မောထတို့ သုံးဦးကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး၌ တရားစွဲဆို စစ်ဆေးနေ ကြောင်း သိရှိရသည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment