Pages

Thursday, January 8, 2015

မြောက်ကိုရီးယားတွင် ဆိုင်ဘာစစ်သား အင်အား ၆၀၀၀ ရှိ


RangonNewsDaily:: January . 8 .2015
တောင်ကို ရီးယားနိုင်ငံ၏ စစ်တပ်နှင့် အဓိက အစိုးရ ဌာနများ၏ ကွန်ပြူတာ စနစ် များကို ထိုးဖောက် ဝင်ရောက်ကာ ဆိုင်ဘာ တိုက်ခိုက် မှုများ လုပ်ဆောင်သည့် ဆိုင်ဘာတပ်ဖွဲ့ ဝင် ၆၀၀၀ကို မြောက်ကိုရီးယားက စစ်တပ် အတွင်းမြုပ်နှံ ထား ကြောင်း တောင် ကိုရီးယားနိုင်ငံက အခိုင် အမာပြောသည်။

မြောက်ကိုရီးယား တပ်မတော်ရှိ ဆိုင်ဘာစစ်သားများသည် တောင်ကိုရီးယားနိုင်ငံကို စိတ်ရော ရုပ်ရော ချည့်နဲ့ သွားအောင် ဆိုင်ဘာတိုက်ခိုက်မှုများကို တပ်ဖွဲ့  ဝင် အင်အား ၆၀၀၀ကို အသုံးပြုကာ လုပ်ဆောင်လျက်ရှိနေကြောင်း တောင်ကိုရီးယား ဝန်ကြီးဌာနက ဇန်နဝါရီ ၅ရက်က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ယခု အတည်ပြု ချက်သည် မည်သည့် အချက် အလက် များပေါ် အခြေခံ၍ ထုတ်ဖော်ပြောခြင်း ဖြစ်သည်ကိုမူ ယင်းဝန်ကြီး ဌာနက အစီရင်ခံစာ တွင်ဖော်ပြ မထားပေ။

ယခု ထုတ်ပြန်လိုက်သည့် အစီရင်ခံစာအရ မြောက်ကိုရီးယား၏ ဆိုင်ဘာ တပ်ဖွဲ့ ဝင် အင်အားသည် ၂၀၁၃ခုနှစ်အတွင်းက တောင်ကို ရီးယား ကာကွယ်ရေးဝန် ကြီး ဟောင်း ကမ်ကောင်းဂျင်က ထုတ်ဖော်ပြောခဲ့သည့် အင်အားထက် နှစ်ဆရှိနေခြင်း ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဟောင်း ကမ်ကောင်းဂျင် ကမြောက်ကို ရီးယားနိုင်ငံ သည်ဆိုင်ဘာ တပ်သား ၃၀၀၀ဖြင့် ဆိုင်ဘာစစ်ပွဲများကို ဆင်နွှဲနေသည်ဟု ပြောခဲ့ခြင်းဖြစ်သည်။

မြောက်ကို ရီးယားတို့ က ၂၀၀၇ခုနှစ်မှ စတင်ကာ ထပ်တန်း ဆိုင်ဘာ တိုက်ခိုက်မှု အနည်းဆုံး ခြောက်ကြိမ်မျှ ဆင်နွှဲ ခဲ့သည်ဟု တောင်ကိုရီးယားက စွပ်စွဲထား သည်။ တောင်ကို ရီးယား စီးပွားရေး လုပ်ငန်း များနှင့် အစိုးရ ဌာနများမှ ကွန်ပျူတာ စနစ် များသို့ ထိုးဖောက် ဝင်ရောက် ခဲ့ကြောင်း၊ သို့ သော်လည်း တိုက်ခိုက် ထိုးဖောက်မှု အကြိမ်တော်တော် များများက အရေးရှုံးနိမ့်ကြောင်း တောင်ကိုရီးယားနိုင်ငံဖက် ကပြောသည်။

တောင်နှင့် မြောက် ကိုရီးယားနှစ်နိုင်ငံသည် ယာယီအပစ်ရပ်စာချုပ်ဖြင့် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ အဆုံးသတ်သွားခြင်းဖြစ်ရာ ငြိမ်းချမ်းရေး သဘော တူညီမှု စာချုပ် ချုပ်ဆိုထားနိုင်ခြင်း မရှိသေးသောကြောင့် စစ်ရိပ်စစ်ငွေ့ မကင်းသေးသော စစ်ပွဲ အတွင်း မှာပင် ရှိနေသေးသည့် နှစ်နိုင်ငံဖြစ်သည်။

လတ်တလောကာလတွင်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို လုပ်ကြံသည့် ရုပ်ရှင်ကား ရိုက်ကူးထုတ်လုပ်ခဲ့သည့် ဆိုနီကုမ္ပဏီ ဆိုင်ဘာ တိုက် ခိုက်ခံရမှုနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံက မြောက်ကိုရီးယားအပေါ် အပြစ်ပုံ ထားသည်။

အဆိုပါ ဆိုင်ဘာတိုက်ခိုက်မှုဖြစ်ပွားသွားပြီးနောက်တွင် မြောက်ကိုရီးယားအရာရှိများ နှင့် စစ်တပ်နှင့် ပတ်သက်မှုရှိသည့် အဖွဲ့အစည်းများကို ဒဏ်ခတ်ပိတ်ဆို့  မှုအသစ် များ ဇန်နဝါရီ ၂ရက်တွင် အမေရိကန်က ချမှတ်လိုက်သည်။

အမေရိကန်၏ ယခုကဲ့သို့ စွပ်စွဲပြောဆိုမှုကို မြောက်ကိုရီးယားနိုင်ငံက ငြင်းဆန် ထားသလို ဆိုနီကုမ္ပဏီ ဆိုင်ဘာတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေး ရေး ကို အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်သွားလိုသည်ဟု ကမ်းလှမ်းထားခဲ့သည်။

Ref: PRESS TV , မဇ္ဈိမ , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment