Pages

Tuesday, October 7, 2014

ဘူဆန်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ဂူဟေဆွန်းရိုက်ကူးတဲ့ Daughter ဇာတ်ကား


RangonNewsDaily:: October . 7 .2014
တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီး ဂူဟေဆွန်း စီစဉ် ရိုက်ကူးသည့် Daughter အ မည်ရဇာတ်ကားကို ၂၀၁၄ ခုနှစ် ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တွင် ပြသခဲ့သည်။
ဂူဟေဆွန်းသည် Daughter ဇာတ်ကားကို ကိုယ်တိုင်ဇာတ် ညွှန်းရေးသားရိုက်ကူးသည့်အ ပြင် ဇာတ်ကား၏ အဓိကဇာတ် ကောင် ဆန်းအဖြစ်လည်း ပါဝင် သရုပ်ဆောင်ခဲ့သည်။

Daughter ဇာတ်ကားသည် ဂူဟေဆွန်းအတွက် တတိယအ ကြိမ် ဒါရိုက်တာအဖြစ် တာဝန် ယူရိုက်ကူးသည့် ဇာတ်ကားဖြစ် သည်။

ဂူဟေဆွန်းသည် ယင်းဇာတ် ကားမတိုင်မီ Magic ရုပ်ရှင်ဇာတ် ကားနှင့် The Peach Tree ရုပ်ရှင် ဇာတ်ကားတို့ကို စီစဉ်ရိုက်ကူးခဲ့ သည်။

Daughter ရုပ်ရှင်ဇာတ်ကား သည် စည်းကမ်းကြီးသော မိခင် နှင့် သမီးဖြစ်သူကြား ဆက်ဆံ ရေးအဆင်မပြေမှုများကို သရုပ် ဖော်တင်ဆက်ထားသည်။

‘‘စိတ်ကူးယဉ်ဇာတ်ကား ထက် လက်တွေ့ဘ၀ သရုပ်ဖော် ဇာတ်ကားမျိုးကို ရိုက်ကူးချင်လို့ ဒီ Daughter ဇာတ်ကားရိုက် ဖို့ ဆုံးဖြတ်လိုက်တာပါ’’ ဟု ဂူ ဟေဆွန်းက Big Issue မဂ္ဂဇင်း နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ သည်။

Daughter ဇာတ်ကားကို အောက်တိုဘာ ၄ ရက်တွင် ဘူ ဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ ပြသခဲ့သည်။

(၁၉)ကြိမ်မြောက် ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို အောက်တိုဘာ ၂ ရက်မှ ၁၁ ရက် အထိ တောင်ကိုရီးယားနိုင်ငံ ဘူ ဆန်မြို့၌ ကျင်းပလျက်ရှိသည်။

Ref: KpopStarz , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment