Pages

Tuesday, October 7, 2014

အမေရိကန်တွင် အီဘိုလာရောဂါကူးစက်ခံရသူကြောင့် ပြည်သူများ စိုးရိမ်မှုမြင့်တက်

RangonNewsDaily:: October . 7 .2014
အမေရိကန် ပြည်ထောင်စု တက္ကဆတ်ပြည်နယ်မှာ အီဘိုလာ ရောဂါကူးစက် ခံရသူ တယောက်ကို အတည်ပြုနိုင်ပြီးနောက် ပြည်သူတွေ စိုးရိမ်မှု မြင့်တက်နေ ပါတယ်။အသက် ၄၂ နှစ်အရွယ် သောမက် အဲရစ် ဒန်ကန် ဟာ လိုက်ဘေးရီးယား ကနေ ဒေါလက်စ် မြို့ဆီကို ပြန်ရောက်သွားပြီး သိပ်မကြာခင်မှာပဲ အီဘိုလာ ရောဂါကူးစက်ခံထားရတယ်ဆိုတာကို သိရပြီး ဆေးရုံတင်ထားရပါတယ်။
နောက်ဆုံး အခြေအနေဟာ စိုးရိမ်ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ လူနာကို ဆေးရုံမတင်ခင်က မိသားစုတွေကို အလည်အပတ်သွားခဲ့သလို၊ အာရှနဲ့ အာဖရိကန် နွယ်ဖွားတွေ နေထိုင်တဲ့ ရပ်ကွက်ထဲမှာ နေထိုင်ခဲ့ပါတယ်။ ရက်ကွက်တွင်းက ပြည်သူတွေကြားမှာ ရောဂါကို စိုးရိမ်နေပြီး အတတ်နိုင်ဆုံး အိမ်ပြင် မထွက်ဘဲ နေကြတယ်လို့ တရက်ကွက်ထဲမှာ နေတဲ့ ကျောင်းသားတယောက် ပြောပါတယ်။

လူနာကို ဆေးရုံတင်လိုက်ရပြီးနောက် သူ့ရဲ့ မိသားစုတွေကိုလည်း သီးသန့်ထားခဲ့ပြီးနောက် စောင့်ကြည့်နေပါတယ်။ လူနာနဲ့ တိုက်ရိုက် ဆက်ဆံခဲ့တဲ့ ၁၀ ယောက် အပါအ၀င် လူ ၅၀ ကို စောင့်ကြည့်နေတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအတောအတွင်း ၀ါရှင်တန် ဒီစီက ဟောင်းဝပ် တက္ကသိုလ်ဆေးရုံမှာလည်း အိုဘိုလာ ရောဂါသံသယရှိသူ တယောက်ကို စောင့်ကြည့်နေတယ်လို့ ဆေးရုံက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ရောဂါသံသယရှိသူဟာ နိုက်ဂျီးရီးယားကို ခရီးသွားခဲ့သူဖြစ်ပြီး အခုတော့ အခြေအနေ တည်ငြိမ်နေတယ်လို့ ဆေးရုံပြောခွင့်ရသူက ပြောပါတယ်။ လူနာကို ငဲ့ကွက်တဲ့အနေနဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။ ဒါ့အပြင် လိုက်ဘေးရီးယားမှာ အလုပ်တာဝန်နဲ့ သွားရင် အီဘိုလာရောဂါ အပေါင်းလက္ခဏာပြနေတဲ့ အမေရိကန် အလွတ်တမ်း ဓာတ်ပုံသတင်းထောက် ဟာလည်း အောက်တိုဘာလ ၆ ရက်နေ့မှာ နီဘရာစကာပြည်နယ် အိုမာဟာမြို့က ဆေးရုံကို ပြန်ရောက်ဖို့ ရှိပါတယ်။

ဒီနှစ်အတွင်း အနောက်အာဖရိကဒေသမှာ ရှိတဲ့ လိုက်ဘေးရိးယား၊ ဂီနီ၊ ဆီရာလီယွန်းတို့မှာ အီဘိုလာရောဂါကြောင့် သေဆုံးသူ ၃၃၃၈ ယောက် ရှိသွားပါပြီ။

DVB ::-- KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment