Pages

Tuesday, October 7, 2014

စီရော်နယ်ဒို ရွှေဘောလုံးဆုထပ်ရရန်သေချာဟု အန်စလော့တီပြော


RangonNewsDaily:: October . 7 .2014
လာလီဂါနောက်ဆုံးလေးပွဲတွင် ဟက်ထရစ် သုံးကြိမ်ရထားသော စီရော်နယ်ဒိုအနေဖြင့် ကမ္ဘာ့အကောင်းဆုံးကစား
သမားဆုကို ထပ်မံ ထိန်းသိမ်းနိုင်မည်ဟု ရီးယဲ လ်မက်ဒရစ်နည်းပြ အန်စလော့တီက ယုံကြည်နေသည်။

တနင်္ဂနွေက ဘီလ်ဘာအိုကို ၅-၀ ဂိုးဖြင့်အနိုင်ရသောပွဲတွင် ဟက်ထရစ်သွင်းယူနိုင်သောကြောင့် စီရော်နယ်ဒို၏ လက်ရှိ
ရာသီ လာလီဂါသွင်းဂိုးမှာ ၁၃ ဂိုးအထိရှိ သွားခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ် အောင်မြင်မှု ရယူနိုင် ခဲ့ရာ
တွင် အသင်းအတွက် အဓိက ကစားသမား အဖြစ်ခြေ စွမ်းပြခဲ့သော ကြောင့်လည်း ယခုနှစ် ကမ္ဘာ့အကောင်းဆုံးဆုကို အသက် ၂၉ နှစ်အရွယ်ရှိ စီရော်နယ်ဒိုပင် ဆက်လက် ရယူသွားနိုင်ဦးမည်ဟု အန်စလော့တီက မျှော်လင့်နေသည်။

"ဒီနှစ်မှာလည်း စီရော်နယ်ဒိုပဲ ရွှေဘောလုံးဆုရသွားဦးမယ်ဆိုတာ သံသယရှိ စရာမလိုဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဘီလ်ဘာအိုနဲ့ပွဲမှာသွင်းယူတဲ့ကျွန်တော်တို့ တိုက်စစ်မှူးရဲ့ ဂိုးသုံးဂိုးလုံးကအံ့မခန်းပါပဲ။စီရော်နယ်ဒို နဲ့ ဘင်ဇီမာတို့ ဂိုးသွင်း

ခဲ့သလို ဂိုးဖန်တီးပေးခဲ့တဲ့ဂါရတ်ဘေးလ်ကလည်း အတော်လေးကြိုးစားခဲ့ပါတယ်။

အသင်းလိုက်ကစားဖို့က မရှိမဖြစ် အရေးကြီးဆုံးပါပဲ။ ကွင်းလယ်ကလည်း ကစားပုံကောင်းခဲ့ပါတယ်။ ဒီပွဲက ကျွန်တော်

တို့ရဲ့အကောင်းဆုံးပွဲဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ထက် အမှတ် တွေလည်းပိုရထားပါတယ်။ ကျွန်တော်တို့အခုလိုအပ်တာက ဒီပုံစံအတိုင်းခရီးဆက်ဖို့ပါပဲ။ တည်ကန်ဘောတွေကိုပိုအာရုံစိုက်ပြီး ဂိုးမပေးရ အောင် လုပ်ဖို့ပါပဲ။ အားလုံးကောင်းသွား
ပါလိမ့်မယ်"ဟု အန်စလော့တီက အေအက်စ်သတင်းစာသို့ပြောသည်။

ဘာနေဗျူးတွင်ကစားခဲ့သော ပွဲချိန်ပထမပိုင်းတွင် ဒဏ်ရာကြောင့်လူစားလဲလိုက်ရသောရာမို့စ်အနေဖြင့် နိုင်ငံတကာပွဲ

စဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်းအန်စလော့ တီက ၀န်ခံခဲ့သည်။ နောက်ခံလူ ရာမို့စ်သည် ညာဘက်ခြေသလုံးတွင်ဒဏ်
ရာရသွားခြင်းဖြစ်ကြောင်း၊ သက်သာပုံမရဘဲ ပြင်းထန်မှုမရှိရန်သာ မျှော်လင့်ရ မည်ဖြစ် ကြောင်း၊ စစ်ဆေးမှုများပြု
လုပ်ပြီးမှ နိုင်ငံတကာပွဲအတွက် စဉ်းစားရမည်ဖြစ် ကြောင်း အန်စလော့တီက ပြောသည်။

Goal.com ::-- 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment