Pages

Tuesday, October 7, 2014

တောင်ကိုရီးယားသရုပ် ဆောင်ဆိုယီဟွန်းနဲ့ အင်ဂိုဂျင်လက်ထပ်လိုက်ကြပြီ


RangonNewsDaily:: October . 7 .2014
တောင်ကိုရီးယားသရုပ် ဆောင်များဖြစ်ကြသော ဆိုယီ ဟွန်းနှင့် အင်ဂိုဂျင်တို့သည် အောက်တိုဘာ ၄ ရက်တွင် ဆိုးလ်မြို့ ဂန်းနမ်ခရိုင် The Raum ၌ မင်္ဂလာပွဲဆင်နွှဲခဲ့ကြသည်။ဆိုယီဟွန်းနှင့် အင်ဂိုဂျင်တို့ ၏ မင်္ဂလာပွဲသို့ နှစ်ဖက်မိသားစု ဝင်များနှင့် မိတ်ဆွေများအပါ အဝင် ဧည့်ပရိသတ် ၈၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ သတို့ သားအင်ဂိုဂျင်၏ သူငယ်ချင်းဖြစ် သူ သရုပ်ဆောင်မင်းသားဂျူဆန်း ဝုက မင်္ဂလာအခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပေးပြီး သရုပ် ဆောင်မင်းသမီး ဟွန်ဂျီမင်းက ဂုဏ်ပြုတေးသီချင်းသီဆိုပေးခဲ့ သည်။
မင်္ဂလာပွဲမတိုင်မီ သတို့သား အင်ဂိုဂျင်က အိမ်ထောင်ပြုခြင်း နှင့်ပတ်သက်သော ၎င်း၏ အတွေး အမြင်များကို ပြောကြားခဲ့သည်။

‘‘ဒီနေ့မှပဲ အိမ်ထောင်ပြုတဲ့ သူတွေရဲ့ခံစားချက်တွေကို ကျွန် တော်နားလည်တော့တယ်။ ကျွန် တော်တို့ မင်္ဂလာပွဲကိုကြွရောက် ချီးမြှင့်တဲ့သူအားလုံးကို ကျေးဇူး အထူးတင်ပါတယ်။ ကျွန်တော် အရမ်းပျော်နေတယ်’’ဟု အင်ဂို ဂျင်က ပြောကြားသည်။

၎င်းတို့စုံတွဲသည် လာမည့် နှစ်တွင် ကလေးယူရန်စီစဉ်ထား ကြောင်းနှင့် ပထမဆုံးရင်သွေးကို သားလေးဖြစ်စေလိုပြီး ဒုတိယ မြောက်ကို သမီးလေးဖြစ်စေလို ကြောင်း အင်ဂိုဂျင်က ပြောကြား သည်။

အင်ဂိုဂျင်တို့ ကြင်စဦးဇနီး မောင်နှံသည် အောက်တိုဘာ ၅ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ ပျားရည်ဆမ်းခရီး ထွက်မည်ဖြစ်သည်။

Ref: Soompi , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment