Pages

Tuesday, October 7, 2014

ကမ္ဘာ့ဆရာများနေ့မှာ ဆုရခဲ့တဲ့ ဆရာဦးသန်းလှိုင်နှင့် တွေ့ဆုံခြင်း


RangonNewsDaily:: October . 7 .2014
၂၀၁၄ ခုနှစ် အောက်တိုဘာ ၅ ရက်သည် ကမ္ဘာ့ဆရာများနေ့ဖြစ်ပါသည်။ ထိုနေ့အခမ်းအနားတွင်လည်း နာငါးနာနှင့် ပြည့်စုံမှုတို့ကြောင့် နိုင်ငံတော်မှ လူမှုထူးချွန်ဆု ချီးမြှင့်အပ်နှင်းခြင်း ခံရသူ ဆရာသုံးဦးပေါ်ထွက်လာခဲ့ရာ ဆရာဦးသန်းလှိုင်သည်လည်း တစ်ဦးအပါအ၀င်ဖြစ်ခဲ့ပါသည်။
ဆရာဦးသန်းလှိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေးရွာတွင် တာဝန်ထမ်းဆောင်ရင်း မြောင်မြို့နယ် အုန်းနှဲဘုတ်ကျေးရွာသို့ ပြောင်းရွှေ့ခဲ့ရသည်။ ပြောင်းရွှေ့ချိန်တွင်၎င်း၏ တပည့်များသာမက ကျောင်းသား
မိဘများကပါ လာရောက်နှုတ်ဆက်ကြရင်း ဆရာတစ်ယောက်ဆုံးရှုံးမှုကို ခံစားရသော တပည့်များနှင့် မိဘများ၏ နှုတ်
ဆက်ဝမ်းနည်းငိုကြွေးမှုဓာတ်ပုံများ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့်ပျံ့နှံ့သွားခဲ့ရာမှ ထင်ရှားလာခဲ့သူဖြစ်ပါသည်။ 

ဆရာဦးသန်းလှိုင်နှင့် တွေ့ ဆုံခိုက်မေးမြန်းဖြစ်ခဲ့သည်များကို 7Day Daily ပရိသတ်များထံ ပြန်လည်မျှဝေလိုက်

ရပါသည်။ 

ကမ္ဘာ့ဆရာများနေ့မှာ အခုလိုလူ မှုထူးချွန်ဆုချီးမြှင့်ခြင်းခံရတဲ့အ တွက် ဖြစ်ပေါ်လာတဲ့ ခံစားမှုကို ပြောပြပေးပါဆရာ။ 

ကျွန်တော့်ရဲ့ မေတ္တာ၊ စေတ နာနဲ့ လုပ်ဆောင်ချက်တွေဟာ ကျွန်တော့်အတွက် မှန်ပမာရောင် ပြန်ဟပ်တယ်လို့ ခံစားရပါတယ်။ ကမ္ဘာ့ဆရာများနေ့မှာ တွေ့ရတဲ့ ဆရာကြီးတွေကို စံနမူနာယူပြီး တိုးတက်အောင် လုပ်ဆောင် သွားပါ့မယ်။ ကျွန်တော်နဲ့ ဘ၀ တူဆရာများကိုလည်း ဒီလိုလုပ် ဆောင်ပြီး ဆုတွေ၊ အောင်မြင်မှု တွေရစေချင်ပါတယ်။ 

အခုတစ်လောဆရာ့အကြောင်း တွေ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် မှာ တော်တော်တွေ့ရတယ်။ ဆရာ့ကို ၀ိုင်းပြီး ဂုဏ်ပြုအမွှမ်း တင်ကြတယ်။ အဲဒီအပေါ်မှာ ဆရာဘာများပြောချင်ပါသလဲ။ 

ကျွန်တော်ကျောင်းဆရာ စ ဖြစ်တာကတော့ ၁၉၉၂ ခုနှစ်က ပါ။ ဆရာစဖြစ်တဲ့ အချိန်ကစပြီး အရင်းခံကတော့ မေတ္တာတရား ပေါ့နော်။ စာအုပ်စာပေတွေ စဖတ်ခဲ့ပါတယ်။ ကျောင်းသုံး ကျောင်းမှာ တာဝန်ထမ်းဆောင် တော့ အရင်ဆုံးတာဝန်ထမ်း ဆောင်ခဲ့တာက စစ်ကိုင်းတိုင်း ဒေသကြီး ပင်လယ်ဘူးမြို့နယ် အလကတောင်တောမှာ မူလ တန်းကျောင်းဆရာပေါ့နော်။ အဲဒီ မှာစပြီး စာသင်ခဲ့ရပါတယ်။


 တောင်တောကျောင်းက ကျွန် တော့်ရဲ့ တပည့်တွေကလည်း ကျွန်တော့်ရဲ့ မေတ္တာဖြင့် သင် ကြားပို့ချပေးခဲ့မှုကြောင့် ကျောင်း ပြောင်း နှုတ်ဆက်တဲ့အချိန်မှာ လည်း ခုလိုပဲ ငိုကြွေးနှုတ်ဆက်မှု တွေ့ကြုံခဲ့ရပါတယ်။ နောက် တစ်ကျောင်းကတော့ ချောင်းဦး မြို့နယ် အမက ဗုံတိုဆိုတဲ့ ကျောင်းလေးကို ကျွန်တော် ရောက်ခဲ့ပါတယ်။ 

အဲဒီကျောင်း လေးကိုလည်း တကယ့်ကို ကျွန် တော့်ရဲ့ အိမ်လေးပမာသဘော ထားပြီး ပြုစုပျိုးထောင်ခဲ့ပါ တယ်။ တပည့်တွေကိုလည်း မေ တ္တာတရားရှေ့ထားကာ သင် ကြားပေးခဲ့ပါတယ်။ နောက် ရောက်ခဲ့တာကတော့ အမက ဆူး လေကုန်းပါ။ အလယ်တန်းပြ ဆရာအနေနဲ့ ရောက်ခဲ့ပါတယ်။ 

ကလေးတွေကို ပညာရေးအနေနဲ့ အခမဲ့အပိုချိန် သင်ကြားပေးခဲ့တာ တွေလည်းရှိတယ်လို့သိရတယ်။ အဲဒီအကြောင်း

လေး ပြောပြာပေး ပါဦးဆရာ။ 

ရွာမှာရှိတဲ့ လူမှုရေးအသင်း လေးနဲ့ ကျွန်တော်တော်တော် လေးကို ပါဝင်လုပ်ဆောင်ခဲ့သလို အဲဒီရွာမှာ ကလေးတွေကို အခမဲ့ အပိုချိန်သင်ပေးခဲ့ပါတယ်။ ကျောင်းတက်ချိန်က မနက် ၉ နာ ရီ။ ကျွန်တော်က မနက်မိုးလင်း ၆ နာရီခွဲကစပြီး သင်ပေးတယ်။ ကလေးတွေက ဝေလီဝေလင်းဆို တာနဲ့ ရောက်လာပါတယ်။ 


ဘယ် အတန်းလာလာ လာတဲ့ ကလေး ကို သင်ပေးပါတယ်။ ညနေ ၃ နာရီခွဲ ကျောင်းဆင်းတဲ့အခါ တစ်နာရီအနားပေးတယ်။ ကလေး တွေ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ ပါ။ အားကစားလုပ်ခိုင်းတယ်။ ညနေ ၄ နာရီခွဲမှာ မူလတန်း အထက်ဆင့် သုံးတန်းနဲ့ လေးတန်းကို စာသင်ပေးပါတယ်။ 

ညနေ ထမင်းစားချိန်ဆို ရွာက လာပို့ပေး တယ်။ ညမှာ ၆နာရီခွဲ၊ ၇နာရီက နေ ၉နာရီအထိ ရွာကမီးပေး တယ်။ မီးပေး
တဲ့အချိန် မူလတန်း အထက်ဆင့်၊ အလယ်တန်းနဲ့ အထက်တန်းအားလုံးကို စာဖတ် ၀ိုင်းလေးလုပ်ပေးတယ်။ အဲဒီ စာဖတ်ဝိုင်းလေးလည်း အောင် မြင်ခဲ့ပါတယ်။ 

ဆရာ့အနေနဲ့ တခြားဘာများပြော ချင်ပါလဲ။ 

ဆရာဆိုတာ မေတ္တာရှင်၊ အကြင်နာ၊ မုဒိတာရှင်၊ စေတနာ ရှင်၊ ၀ါသနာရှင်ဆိုတဲ့အတိုင်း လုပ်ဆောင်မယ်ဆိုရင် တိုးတက် လာမှာပါ။ ကျွန်တော်နဲ့ ဘ၀တူ ဆရာ၊ ဆရာမများအနေနဲ့ ကိုယ် တာဝန်ကျရာ ဒေသမှာ အားတက်သရောဆောင်ရွက်ကြ

မယ်။ ကျောင်းသားတွေ၊ မိဘတွေကို နွေးထွေးတဲ့ မေတ္တာတွေ ပေးမယ် ဆိုရင် မေတ္တာတရားရှေ့ထားပြီး သင်ကြားပေး
မယ်ဆိုရင် အောင် မြင်မှာ လက်ခတ်မလွဲပါပဲ။ 

7Day , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment