Pages

Tuesday, October 7, 2014

ထားဝယ်-ရန်ကုန်ခရီးသည်တင်ယာဉ်များ သံဖြူဇရပ်တွင် လေးခွဖြင့်အပစ်ခံရ

RangonNewsDaily:: October . 7 .2014
ထားဝယ်မှ ရန်ကုန်သို့ ဦးတည်ပြေးဆွဲလာ သော ခရီးသည်တင် မှန်လုံမော်တော် ယာဉ်သုံးစီးအားမွန်ပြည်နယ်၊ သံဖြူ ဇရပ်မြို့အထွက် လမ်းအသုံးပြုခ ကောက်ခံသည့် ဂိတ်အလွန်တွင် အောက်တိုဘာ ၅ ရက် ည ၁ဝ နာရီ ဝန်းကျင်၌ လေးခွဖြင့် တစ်ချက်စီ ဆက်တိုက်အပစ်ခံရကြောင်း ၄င်းယာဉ် ပိုင်ရှင်များက ပြောကြားသည်။
အဆိုပါခရီးသည်တင် မှန်လုံ မော်တော်ယာဉ်သုံးစီးမှာ တန်းစီပြီး မောင်းနှင်လာစဉ် အထက်ပါနေရာ သို့ ရောက်ရှိချိန်၌ လမ်းနံဘေး ညာ ဘက်ရှိ ရော်ဘာခြံအတွင်းမှ ညအ မှောင်ထုကိုအမှီပြု၍ လေးခွဖြင့်ပစ် ခဲ့ခြင်းဖြစ်ကြောင့် ယင်းယာဉ်ပိုင်ရှင် များက ပြောဆိုသည်။

''အမှောင်ထဲက ပစ်တယ်ဆို တော့ လူကိုတော့မမြင်ရဘူး။ လမ်းမ နဲ့ကပ်ပြီး ရော်ဘာခြံအထဲက ပစ်နေ တယ်ဆိုတာပဲသိရတယ်''ဟု ရွှေ ဝယ်သူ ခရီးသည်တင်မှန်လုံမော်တော် ယာဉ်ပိုင်ရှင် ဦးမြတ်လင်းအောင်က ဆိုသည်။
::
အဆိုပါနေရာသို့ ခရီးသည် တင်ယာဉ် သုံးစီးရောက်ရှိလာစဉ် အရှေ့က မောင်းနှင်လာသည့်ယာဉ် ကို ဦးစွာအပစ်ခံရပြီးနောက် ကျန် ယာဉ်နှစ်စီးအား ဆက်လက်အပစ်ခံ ရ၍ တစ်စီး၏ဘေးမှန်ကွဲခြင်း၊ အခြား တစ်စီးမှာ နံဘေးမှန်အက်ခြင်း၊ ကျန် တစ်စီး၏ကိုယ်ထည်ကို လောက်စာလုံး ထိမှန်ခဲ့ခြင်းတို့ဖြစ်ခဲ့သော်လည်း လိုက် ပါလာသော ခရီးသည်များအား ထိ ခိုက်မှုမရှိကြောင်း ယာဉ်ပိုင်ရှင်များထံ မှ သိရသည်။

ယင်းသို့ ခရီးသည်တင်ယာဉ် များကို လေးခွဖြင့်အပစ်ခံရခြင်းနှင့် ပတ်သက်၍ သံဖြူဇရပ်မြို့အထွက် လမ်းအသုံးပြုခကောက်ခံသည့် ဂိတ် မှ ဝန်ထမ်းများ၊ မော်လမြိုင်မြို့အဝင် လမ်းအသုံးပြုခကောက်ခံသည့် ဂိတ် ရှိရဲတပ်ဖွဲ့ဝင်များနှင့် သံလွင်တံတား (မော်လမြိုင်)ရှိ ရဲတပ်ဖွဲ့ဝင်များကို အသိပေးတိုင်ကြားခဲ့ကြောင်း အထက် ပါ ယာဉ်ပိုင်ရှင်များက ပြောကြား သည်။
::
''လမ်းခရီးသွားရတာ လုံခြုံမှု မရှိသလိုခံစားရတယ်။ ဘာကြောင့် ပစ်မှန်းလဲ မသိရဘူး။ အမှန်အတိုင်း ပြောရရင် ခရီးသွားဖို့တောင်ကြောက် နေပြီ''ဟု ရွှေဝယ်ရတနာခရီးသည် တင် မှန်လုံမော်တော်ယာဉ်ပိုင်ရှင် ဦးအောင်ကိုက ဆိုသည်။

ယခုနှစ်အတွင်း ပြီးခဲ့သည့် သြ ဂုတ်လက မွန်ပြည်နယ်၊ သံဖြူဇရပ် နှင့်ရေးလမ်းပိုင်းရှိလမ်းမနံဘေးရှိ ရော်ဘာခြံအတွင်း လူနှစ်ဦးက ထားဝယ် မှ ရန်ကုန်သို့အသွားအပြန်ပြေးဆွဲ လျက်ရှိသော ခရီးသည်တင်ယာဉ် ၁၂စီးကျော်အား ညဘက်တွင်လေးခွ ဖြင့် နှစ်ချက်စီပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
::
ခရီးသည်တင်ယာဉ်များ ထိုသို့ အပစ်ခံနေရသော်လည်း အမှုကျူး လွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိ သေးပေ။

Dawei Watch ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment