Pages

Tuesday, October 7, 2014

အထည်ဆိုင်ရှင် နှင့် အမျိုးသားတစ်ဦးတို့ စကားများရန်ဖြစ်ကာ လုံးထွေးသတ်ပုတ်စဉ် ဆိုင်ရှင်ဖြစ်သူ ဒဏ်ရာရသေဆုံး

RangonNewsDaily:: October . 7 .2014
၎.၁၀.၂၀၁၄ရက်နေ့ ၁၇၀၀ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ဦးကျင်သောင်းသည် နေအိမ်၌ရှိနေစဉ် သားဖြစ်သူ ဘိုဘို(ခ)ဝင်းထိုက်(၃၈)နှစ် အထည်ရောင်းသူမှာ ဒဏ်ရာရရှိကာ လေးထောင့်ကန်တိုက်နယ်ဆေးရုံသို့
ရောက်ရှိနေကြောင်းသိရှိရ၍ သွားရောက်ကြည့်ရှုခဲ့ရာ ဘိုဘို(ခ) ဝင်းထိုက်တွင် ယာရင်အုံအောက်ထိုးသွင်း ဒဏ်ရာ(၁)ချက်ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရ သည်။
၎င်းမှ ဖြစ်စဉ်အားစုံစမ်းခဲ့ရာ ဘိုဘို(ခ)ဝင်းထိုက်မှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊လေးထောင့်ကန်၊စိုက်မွေး(၁)ရပ်
ကွက်ရှိ ဈေးဆိုင်တန်းတွင်အထည်ရောင်းချနေစဉ်အသက်(၂၅)နှစ်ခန့်ရှိအမည်မသိ အမျိုးသားတစ်ဦးနှင့် ဆိုင်ခန်းအတွင်း
၌ စကားများရန်ဖြစ်ပြီးလုံးထွေးသတ်ပုတ်ခဲ့ကြစဉ် ဒဏ်ရာရ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိခဲ့ရသဖြင့် သားဖြစ်သူကို
 သေဆုံးအောင်ပြုလုပ်သူအား စုံစမ်းအရေးယူ ပေးရန်တိုင်တန်းချက်အရ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း(ပ)၉၀၀/
၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police, KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment