Pages

Tuesday, October 7, 2014

အင်ဒိုနီးရှား တရားမ၀င် ရွှေတွင်း ပြိုကျမှုကြောင့် လူ ၁၈ ဦးသေဆုံး

RangonNewsDaily:: October . 7 .2014
အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ ဝေးလံခေါင်းဖျားသော ဒေသတွင်ရှိသည့် တရားမ၀င် ရွှေတူးဖော်ရေးတွင်း ပြိုကျမှုကြောင့် လူ ၁၈ ဦးသေဆုံးခဲ့ကာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးများကိုလည်း စတင်နေပြီဖြစ်ကြောင်း အောက်တိုဘာလ ၅ ရက်က အာဏာပိုင်များ က ပြောကြားခဲ့သည် ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဘော်နီယို ကျွန်းအနောက်ပိုင်းရှိ တရားမ၀င် ရွှေတွင်းပြိုကျမှုသည် အောက်တိုဘာလ ၄ ရက် မွန်းလွဲအချိန်က ဖြစ်ပေါ်ခဲ့သည်ဟု အာဏာပိုင်များကဆိုသည်။

"ကျွန်တော်တို့ မနေ့ညက ရှာဖွေရေးလုပ်ငန်းစတင်ခဲ့ပေမယ့်လည်း အခု ပျောက်ဆုံးနေတယ်လို့ သတင်းရတဲ့ လူအရေအတွက်နဲ့ ကိုက်ညီတဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ မရှာဖွေတော့ပါဘူး"ဟု ဒေသခံ ရှာဖွေကယ်ဆယ်ရေး အာဏာပိုင် လီယိုနာဒက်စ် ဆာဘာ အမ်ဘာရာက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ သေဆုံးခဲ့သူများထဲမှ ၁၆ ဦးသည် အမျိုးသားများဖြစ်ပြီး နှစ်ဦးသည် အမျိုးသမီးများ ဖြစ်သည်ဟု အမ်ဘာရာက ဆိုသည်။

ရွှေဈေးများ မြင့်တက်လာခြင်းနှင့်အတူ တရားမ၀င် ရွှေတူဖော်ရေးလုပ်ငန်းများသည် လွန်ခဲ့သောနှစ်များကတည်းက အင်ဒိုနီးရှားနိုင်ငံအတွင်း တိုးပွားလာခဲ့ပြီး တွင်းပြိုမှုများကြောင့် သေဆုံးမှုများလည်း မကြာခဏ ဖြစ်ပေါ်ခဲ့သည်။ ဇွန်လိုင်လအတွင်းကလည်း ပါပူဝါဒေသရှိ တရားမ၀င် ရွှေတွင်း၌ မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ကိုးဦး သေဆုံးခဲ့သည်။

Mizzima, 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment