Pages

Thursday, September 18, 2014

""Sexy ပါ တီ မြန် မာ ပြ ည်""


RangonNewsDaily:: September . 18 .2014
ယနေ့ခေတ် လူငယ်တွေကြားမှာ ပါတီတက်ခြင်းက ရေပန်းစားမှုတွေ ရှိလာပါတယ်။ ပါတီတွေဟာ ပျော်ပျော်ပါးပါး ကခုန်ဖို့နဲ့ လူငယ်တွေ၊ လူကြီးတွေ လွတ်လပ်စွာ အပန်းဖြေနိုင်ဖို့ ဖန်တီးပေးထားတဲ့ အနောက်တိုင်းယဉ်ကျေးမှု တစ်ခုဆိုရင်လည်းမမှားပါဘူး။

လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ ဆိုရင်လည်း ဟိုတယ်ရန်ကုန်VIP Bar မှာSexy ပါတီတစ်ခု ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒီပါတီကတော့ ရလာတဲ့ အမြတ် အစွန်းတွေကို HIV / AIDS ကူးစက်ခံလူတွေအတွက် ပရဟိတအနေနဲ့ လှူဒါန်းသွားမှာ လို့လည်း သိရပါတယ်။

သို့ပေမဲ့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ပါတီမှာ ပါဝင်တဲ့ Sexy ကကွက်တွေ၊ လူငယ်တွေသောက်စားမှုတွေအကြားမှာ သဟဇာတမဖြစ်နိုင်သေးတာကြောင့် ကန့်ကွက်မှု ၊ ပြစ်တင်မှုတွေလည်း ရှိဆဲပါ။ ပါတီပွဲက ရရှိတဲ့ အကျိုးအမြတ်ကို ပရဟိတအဖြစ်လှူဒါန်းမယ် ဆိုသော်လည်း ပါတီတစ်ခုကို သွားရောက်ပြီးမှသာ လှူဒါန်းရာမြောက်မယ် ဆိုခြင်းကြောင့် အလှူအပေါ် သဒ္ဓါမြောက်ခြင်း၊ မမြောက်ခြင်း ကိစ္စတွေမှာလည်း ပြဿနာရှိလာနိုင်ပါတယ်။


ဒါကြောင့် အဲဒီလို ပါတီတွေနဲ့ပတ်သက်လို့ လူငယ်တွေကိုယ်တိုင်က ဘယ်လိုမြင်တယ်၊ စီစဉ်သူတွေဘက်က ဘာကြောင့် ကျင်းပတယ်၊ ဘယ်လိုရည်ရွယ်ချက်တွေ ဆိုတာကို မေးမြန်းထားသမျှ တင်ပြပေးလိုက်ရပါတယ်။

►ဇွန်သဉ္ဇာ (မော်ဒယ်လ်နှင့်သရုပ်ဆောင်)


ဒါကတော့ ပုံမှန်ပွဲလေးပါပဲ။ ဒါပေမဲ့ ကိုယ်တွေရဲ့ ဓာတ်ပုံတွေနဲ့ လူတွေ အရမ်းစိတ်ဝင်စားသွားပြီး အရမ်းကို ဟော့ဖြစ်သွားတဲ့အတွက် ကျေနပ်သင့် သလောက်တော့ ကျေနပ်ပါတယ်။ ဒါပေမဲ့ တချို့အတွက် အနှောင့်အယှက် ဖြစ်သွားတယ်ဆိုရင်လည်းအဲ့ဒီအတွက်တော့ စိတ်လည်းမကောင်းဘူးပေါ့။ 


ဒါပေမဲ့အောင်မြင်မယ်လို့မထင်ထား ဘဲ အရမ်းကိုအောင်မြင်သွားတဲ့အတွက် ကျေနပ်ပါတယ်။ သတင်းထောက် တွေလည်း အရမ်းကိုစိတ်ဝင်စားပြီး အင်တာဗျူးကြတယ်။ ပါတီဆိုတာကတော့ ဒီပြည်တွင်းက လူတွေအတွက် နည်းနည်းလေးစိမ်းသေး တာပေါ့။ လူငယ်တွေအတွက်ကတော့ ပါတီဆိုတာ မဆန်းတော့ပါဘူး။ တစ်နေ့တာ လှုပ်ရှားပြီး မောပန်းနေတဲ့ စိတ်ကို အပန်းဖြေ ဖို့အတွက် ပါတီမှာသီချင်းသံတွေနဲ့ကကြတယ်။ သူငယ်ချင်းတွေနဲ့ဆုံကြတယ်။ ပျော်ကြတယ်။

အဲ့ဒီလိုမျိုးဖြစ်တဲ့အတွက် ပါတီဆိုတာ စိတ်အပန်းဖြေစရာ လေး တစ်ခုပါပဲ။ ဥပမာ အကကြိုက်တဲ့သူဆိုရင် မြူးဇစ်ဖွင့်ထားမယ်။ ကမယ်။ အဲ့ဒီမှာ စိတ်လွတ်လပ်ပေါ့ပါးပြီး အရမ်းကောင်းတယ်ပေါ့။ အဲ့ဒီအတွက် ယဉ်ကျေးမှုနဲ့ ကိုက်ညီတယ်၊ မညီဘူးဆိုတာ တစ်ပိုင်းဆိုပေမယ့် ပုံမှန်လာပြီး စိတ်အပန်းဖြေတယ်၊ အနားယူစရာနေရာလေး တစ်ခုလိုဖြစ်နေတယ်။ 


ရန်ဖြစ်တာ ဘာညာမပါဘူးဆိုရင်တော့ ပါတီတက်တာဟာ ပျော်ဖို့ကောင်းတဲ့အရာတစ်ခုလို့ထင်ပါတယ်။ ဒီတစ် ခေါက်လုပ်မယ့် ပွဲလေးကလည်း ရိုးရိုးလေးပါပဲ။ ပါတီပွဲလေးပေါ့။ အဲ့ဒီကရတဲ့အကျိုးအမြတ်ကို HIV/AIDS ကူးစက်ခံထားရတဲ့ လူတွေကို သွားရောက်လှူဒါန်းမယ်။ 

အဲ့ဒီမှာမှပွဲကို ပိုပြီးစည်ကားသွားအောင် ဇွန်တို့ကိုဖိတ်တယ်။ အဲ့ဒီမှာဇွန်တို့က လာကူညီပေးမယ်ပေါ့နော်။ ဇွန် ကတော့ အခုလုပ်နေတဲ့Sexy ဓာတ်ပုံလေးတွေဆက်ရိုက်မယ်။ MTV လေးတွေရိုက်မယ်။ အချိန်ပေး ရင် သရုပ်ဆောင်ပိုင်းကို ကူးဖို့ရှိတယ်။ ပြီးတော့ သီချင်းနဲ့ပတ်သက်ပြီးတော့ လည်း ရှိုးပွဲလေးတွေဆိုမယ်။ အနုပညာနဲ့ ပတ်သက်ရင် အကုန်လုပ်တယ်ပေါ့နော်။ အရမ်း ဝါသနာကြီးတဲ့သူဆိုတော့။




နောက်ပိုင်းလည်း အဲ့ဒီလိုပွဲတွေမှာ အကူအညီတောင်းရင် ကူညီပေးဖြစ်မှာပါ။ အထူးသဖြင့် ပရဟိတနဲ့ ပတ်သက်ပြီးတော့ လုပ်ကိုင်မယ့်ပွဲမျိုးလေးတွေမှာပေါ့။ ပါတီ ဆိုတာမျိုးလေးတွေကလိုအပ်ပါတယ်။ လူငယ်တွေအနေနဲ့ ပျော် ချင်လို့ပဲဖြစ်ဖြစ် အလုပ်ပင်ပန်းလို့ပဲ ဖြစ်ဖြစ်ပေါ့နော်။ 


လူငယ်မှမဟုတ်ပါဘူး။ လူကြီးတွေအတွက်လည်း လာနားလို့ရမယ့် နေရာမျိုးလေးဖြစ်လို့ပေါ့။ လိုအပ်မယ်လို့ထင်ပါတယ်။ တချို့ကတော့ မကြိုက်ဘူးပေါ့။ ဆူဆူညံညံတွေ ကခုန်တာတွေ မနှစ်သက်တဲ့ လူတွေအတွက် ကတော့ အပိုအလုပ်တစ်ခုလို့ထင်ချင်ထင်မှာပေါ့။ ကတာဝါသနာပါတယ်။ သူ ငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေလိုတဲ့ လူတွေအတွက် တစ်နေ့တာ လှုပ်ရှားထားရတဲ့ ပင်ပန်းမှုတွေအတွက်ကတော့ ပါတီပွဲလေးတွေက လိုအပ်မယ်လို့ ထင်ပါတယ်။

►ဦးလှဆွေ
( မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ )


Sexy ပါတီနဲ့ ပတ်သက်လို့ ကိုယ်တို့တော့နားမလည်ဘူး။ ဒါ ပေမဲ့ မြန်မာပြည်က ခေတ်မီတဲ့နေ ရာမှာကျတော့ အဲဒီလိုမျိုးပေါ့နော် တခြားနေရာမှာမတိုးတက်ဘဲနဲ့ ဗိုလ် ချုပ်အောင်ဆန်းပြောသလို တလွဲ ဆံပင်ကောင်းနေတာတွေများတယ်။ အဲဒါတွေလည်း တလွဲဆံပင်ကောင်း ကိုရောက်စေမယ့် ဟာမျိုးဆိုရင် တော့ ထိန်းထိန်းသိမ်းသိမ်းလု ပ်သင့် တာပေါ့ ဟုတ်ဘူးလား။ ပြတဲ့ သူက ပြရဲပေမယ့် ကြည့်တဲ့သူက မကြည့် ရဲကြဘူး။ အဲဒီလိုရှိတယ်။ ပြတဲ့သူက ပြရဲတယ်။ ကြည့်တဲ့သူက မကြည့်ရဲ ဘူး။


အခုနပြောသလိုပေါ့ အိမ်သာ တက်တဲ့အခါမှာ မျက်နှာကို ကာ ထားရင် ကောင်းမလား။ ဖင်ကို ဖင် ပိုင်းကို ကာထားရင် ကောင်းမလား ခါးအထက်ပိုင်းကို ထိုင်ပြီး အိမ် သာတက်ရင် ကောင်းမလား။ ဒါမှမဟုတ် မျက်နှာလေးကို ကွယ် ထားပြီးတော့ အောက်ကအီးပါတာ ကို ပြထားရင် ကောင်းမလား။ 

ဒါက အမြင်အမျိုးမျိုးရှိတယ်လေ။ တချို့က ကျတော့ မျက်နှာလေး ကွယ်ထားရင် ရပြီ အောက်က အီးပါတာကို ဘယ် သူမြင်မြင် ကိစ္စမရှိဘူး။ ငါမျက်နှာကို ဒဲ့မတွေ့ရင် ပြီးတာပဲဆိုပြီး အဲဒီလို ထိုင်အီးပါတဲ့လူတွေ လည်း ရှိတယ် လေ။ တချို့ကျတော့လည်း အောက် က ဟာကိုမြင်မှာစိုးလို့ လူ မြင်ရင် မြင်ပါစေ။ ငါထိုင်ပြီးတော့ အီးပါ မယ်ဆိုပြီး တချို့ သင်္ဘောတွေမှာ တွေ့ဖူးတယ်။ 

ငါးဖမ်းတဲ့ သင်္ဘော တွေမှာဆို ခါးတစ်ပိုင်းပေါ်နေတယ်။ အပေါ်ပိုင်းက အောက်ပိုင်းကို ကာ ထားတယ်။ ဆိုလိုတာကတော့ ဒါ မျိုးဟာ ခံယူတဲ့အပေါ်မှာပဲ မူတည် တာပေါ့။ တရားသဘောနဲ့ ရှုတယ် ဆိုရင် ဒါတွေက အပုပ်ကောင် ရုပ် ဆောင်နေတာပဲလို့ မြတ်စွာဘုရား ရှေ့မှာသွားပြီးတော့ ကိုယ်တုံးလုံး ချွတ်ပြီးတော့ ကပြတဲ့ မာရ်နတ်သမီး တွေကို မြတ်စွာဘုရားက တုန်မှ မတုန်လှုပ်တာ။ 

ဒီလိုတော့ရှိတာပေါ့နော်။ ဒါက ဘုရားပေါ့နော်။ ကျန်တဲ့သူတွေကတော့ တုန်လှုပ်ရင် တုန်လှုပ်မှာပေါ့နော်။ ဆိုလိုတာ က တော့ ဒီလိုကိစ္စတွေက ခံယူတဲ့အ ပေါ်မှာ မူတည်တာပေါ့။

►DJ Japan ( Dance for Life ) ပါတီပွဲစီစဉ်သူ

ကျွန်တော်တို့ အနေနဲ့ကတော့ ပါတီပွဲဆိုတာ ပုံမှန်လုပ်နေကြပါပဲ။ ဒါပေမဲ့ ဒီတစ်ခေါက်က ထူးထူးဆန်းဆန်းလေးဖြစ်သွားအောင် အလှူ ဒါနလေးကိုပါ ထည့်ပြီး စီစဉ်ဖြစ် တယ်။ အဲ့ဒါကြောင့် လူတွေပိုပြီးသိသွားတဲ့ သဘောပါ။ နောက်တစ်ချက်ကတော့ ပါတီလုပ်မယ်ဆိုတဲ့နေရာမှာ ကြော်ငြာထားတဲ့ ဓာတ်ပုံတွေနဲ့ပတ်သက်လို့ အထင်လွဲ တာတွေ ဖြစ်ခဲ့ တာမျိုးရှိပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့လည်း နာမည်ကောင်းတော့ရမှာ မဟုတ်ဘူးဆိုတာ သိပါတယ်။ ပါတီဆိုတဲ့သဘောကတော့ နေ့၊ ည ပုံစံနှစ်မျိုးရှိတယ်။

ပါတီဆိုတဲ့အတွက် လူငယ်၊ လူကြီး လွတ်လပ်စွာ လာ ရောက်ကဲလို့ရတယ်။ တချို့မိသားစုတွေမှာ လူငယ်တွေ ကလပ်တက်တာ ကို မကြိုက်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကလပ်ဆိုတာက ညဘက် လည်းဖြစ်တယ်။ လူမျိုးပေါင်းစုံရှိတယ်။ ပါတီဆိုတာကတော့ အများစုက လူငယ်တွေချည်းပဲလေဗျာ။ သောက်တာ၊ စားတာတော့ရှိတာပေါ့။ ဒီဘက်ခေတ်မှာကလည်း သောက်တယ်ဆိုတဲ့အရာက နေရာတိုင်းမှာရှိနေ ကြတာပါပဲ။ နောက်ပါတီမှာ ဟိုလိုဒီလို အမျိုးသမီးတွေမရှိတဲ့အတွက် လူငယ်တိုင်းလိုလို လွတ်လပ်စွာလာနိုင်တယ်။


မိဘတွေအနေနဲ့လည်း ပါတီလုပ်မယ့်နေရာကို သိနိုင်တယ်။ ပါတီမှာ မကောင်းတဲ့အရာဆိုလို့ အယ်လ်ကိုဟောတစ်ခုပဲ ရှိတယ်။ နောက်တစ်ခုက ပါတီကြော်ငြာမှာပါတဲ့ ဓာတ်ပုံပေါ့ဗျာ။ မဇွန်သဉ္ဇာတို့၊ မဇာထက်တို့၊ မကဗျာတို့ဆိုတာ ကျွန်တော်တို့နဲ့ ဟိုးအရင်ကတည်းကအတူတူရင်းနှီးခဲ့ကြတာပါ။ ခုလည်း ကျွန်တော်က လာခဲ့ပေးပါဆိုလို့ လာပေးကြတာပါ။ အရင်ပွဲတွေတုန်း ကလည်း အတူတူလက်တွဲပြီး လုပ်ဖြစ်ခဲ့တာတွေလည်းရှိပါတယ်။ 

ဒီတစ် ခေါက်ကတော့ ပရဟိတပါသွားလို့ လူသိသွားတာ လည်း ဖြစ်သလို အရင် ကနာမည်မထည့် ဖြစ်ခဲ့တာတွေလည်းရှိလို့ပါ။ ဒါပေမဲ့ ပုံသုံးတဲ့အပိုင်းမှာ ကျွန်တော်က သူတို့ဓာတ်ပုံကို ဖေ့စ်ဘွတ်ကယူသုံးတာပေါ့။ တစ်ယောက် က ရေကူးဝတ်စုံနဲ့ ပုံပေးလာတော့ ကျန်တဲ့သူတွေကိုလည်း အဲ့ဒီလို ပုံစံတူမျိုးမှ လက်ကမ်းကြော်ငြာထုတ်ရင် အဆင်ပြေမယ်ဆိုပြီး ကျွန်တော်က ရွေးလိုက်တာပါ။ 

အဲ့ဒါကို လူတွေက ပုံကိုကြည့်လန့်ဖျတ်ပြီး ဟဲ့ ပါတီပွဲက ဖော်ချွတ်ပွဲကြီးလား၊ ဘာကြီးလဲဆိုပြီး ပြောလာကြတယ်။ တကယ်တော့ အဲ့ဒီလိုမဟုတ်ပါဘူး။ လူငယ်တွေအတွက် လွတ်လပ်စွာကဲခွင့်ရမယ့် ပျော်ပျော်ပါးပါးပါတီလေးပါပဲ။ တချို့က မဟုတ်မမှန်ပွဲကြီးလို့ ထင်နေကြ တယ်။ အဲ့ဒါမဟုတ်ပါဘူး။ နောက်တစ်ချက်က အရင်ကတည်းက ပါတီ တွေဆိုတာလုပ်ခဲ့ကြတာပေါ့။ 

ပါတီလုပ်ခွင့်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ က ဟိုတယ်က ကလပ်ကို တစ်ညလုံးစာငှားရမ်းလိုက်တာဖြစ်တဲ့အတွက် ပွဲလုပ်ခွင့်ဆိုတာ သူတို့ဘက်နဲ့သက်ဆိုင်ပါတယ်။ ပွဲနဲ့ဆိုင်တဲ့ ကိစ္စတွေက တော့ ကျွန်တော်တို့ ပွဲစီစဉ်သူအပိုင်းဖြစ်ပါတယ်။ ခုလည်း အရင်လုပ်မယ့် နေရာကနေ ရွှေ့လိုက်ရတယ်ပေါ့။ ဘာလို့မှန်းတော့မသိပါဘူး။ ကလပ် ဘက်က နေရာရွှေ့ခိုင်းလို့ပါ။ 

အဲ့ဒီတော့ နောက်နေရာတစ်ခုကို ကျွန် တော်တို့ ရွေးနေပါတယ်။ နေရာရွှေ့ရတာ မျိုး နောက်တစ်ခါ မဖြစ်ချင်လို့ပါ။ ဒါဟာ ခိုးကြောင်ခိုးဝှက်လုပ်တဲ့ပွဲလည်းလုံးဝမဟုတ်ပါဘူး။ ပွဲကြီးက ဘာကြီးလဲဆိုတာမျိုးလည်း မထင်စေချင်ပါဘူး။ ပါတီကို မီဒီယာအချို့ကို ဖိတ်သွားမှာ ဖြစ်သလို ပါတီကရတဲ့ အလှူငွေကို သွားလှူတဲ့အခါကျရင်လည်း မီဒီယာတွေကို အသိပေးသွားမှာပါ။

►နော်လားခူဖော (ကုမ္ပဏီဝန်ထမ်း)


ဒီရန်ပုံငွေပွဲကAIDS ဝေဒနာရှင်တွေအတွက် ရည်ရွယ်တာက တော့ အလွန်ကောင်းတဲ့အချက်ပါ။ ဒီလို ရန်ပုံငွေတွေ ရှာပြီး လိုအပ်တဲ့သူတွေကို ကူညီတာဟာ ဘယ်သူ မဆို ကြိုက်တယ်။ သို့သော် ဒီလိုအပြုအမူမျိုး ဒီလိုမျိုးဝတ်စားပြီး ယောက်ျားတကာ တွေရှေ့မှာ သရုပ်ပြရန်ပုံငွေ နာမည်တပ်ပြီးလုပ်တာ ကတော့ ရှာတဲ့ လူအတွက်ရော၊ ငွေထည့်လှူတဲ့လူအတွက်ရော၊ ငွေလက်ခံ တဲ့လူအတွက်ရော ဘယ်သူ့အတွက်မှ မကောင်းဘူး။ နောက်ဆုံး မြန်မာပြည်သူတွေအတွက် မကောင်းဘူး။


အထူးသဖြင့် မြန်မာ မိန်းကလေးတွေအတွက် မျက်စိရှက် စရာဖြစ်သလို သိက္ခာမဲ့ရာကျ လွန်းတယ်။ အခြားနည်းနဲ့ရှာပါ။ ရန်ပုံငွေရှာချင်တဲ့ သူတို့တွေရဲ့ စိတ်ကိုတော့ ချီးကျူးပါတယ်။ လုပ်ရပ်ကိုတော့ လုံးဝ အားမပေးဘူး။ အသစ်အဆန်းတစ်ခုဆိုတာ လက်ခံပေမယ့် မြန်မာပြည် ကျော်ကြားခဲ့တဲ့ ဂုဏ်သိက္ခာနဲ့ မတန်ဘူးလေ။ သမီးရည်း စားတွေအတွက်ကတော့ ပြဿနာအဆိုး ဆုံးက ဒီနေရာကိုသွားလို့ မကြိုက်ရင် လမ်းခွဲလို့ရပေမယ့် အိမ်ထောင်ရှင်တွေအတွက်ကတော့ အိမ် ထောင်ပျက်ပြီး သားသမီးတွေ မိကွဲဖကွဲတဲ့ အခြေအနေထိ ဖြစ်နိုင်တယ်။ ယောက်ျားဆိုတာ ဒီလိုအရာတွေ စိတ်ဝင်စားကြတယ်။ 


မိသားစုကိုတန်ဖိုးထားတဲ့ မိန်းမ တွေဆိုတာလည်း ဒီလိုနေ ရာကို လင်ယောက်ျားကို ဘယ်သွားစေချင်မှာလဲ။ လင်ကို ဘုရားဆိုတဲ့ စကားပုံတောင်ရှိတာပဲ။ အဲဒီအတွက်ပြဿနာတွေအမျိုးစုံတက် လာမယ်။ မြန်မာမိန်းကလေးတွေ ကအရှက်ကြီးတယ်။ အခုက မြန်မာမိန်းကလေးတွေလို့သိရတယ်။ Facebook ပေါ်မှာ ဒီပုံမြင်ကတည်းက မြန်မာမိန်းကလေး တွေအတွက် ရင်လေးစရာတစ်ခုကြုံလာပြီ ဆိုတာခံစားမိတယ်။

ဒီကိစ္စသာ အကောင်အထည်ဖော်ဖြစ် လာခဲ့ရင်တော့ မြန်မာပြည်ကြီးဟာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလိုပဲ ဖာနိုင်ငံဖြစ်သွားပြီလို့ပဲ ကျွန်မမြင်တယ်။ မြန်မာ မိန်းကလေးေ တွအတွက် အတုယူမမှားစေချင်ဘူး။ ပုံမြင်တာနဲ့ တုန်လှုပ်စရာ ဖြစ်စေတယ်။


 မြန်မာပြည်က ယဉ်ကျေးမှုတွေ၊ ဘုရား၊ တရားတွေ ထွန်းကားတဲ့နိုင်ငံဆိုတာ သတိရ စေချင် တယ်။ ဒီပွဲကို တာဝန်ရှိသူတွေက လုပ်ခွင့်ပြုတယ် ဆိုရင် လူအနည်းစုကြောင့် တစ်နိုင်ငံလုံးက လူအများစုကို အများက ကဲ့ရဲ့တာခံရမယ်။ တာဝန်ရှိသူတွေအနေနဲ့ ခွင့်မပြုစေချင်ဘူး။

►ဆွေလဲ့နှင်း (အလှဖန်တီးရှင်)


သူတို့ရန်ပုံငွေရှာတယ်ဆိုတာက လက်ခံ နိုင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်တာက မြန်မာ နိုင်ငံယဉ်ကျေးမှုနဲ့ ယှဉ်ရင်လုံးဝမဖြစ်သင့် ဘူး။ မြန်မာနိုင်ငံဆိုတာတစ်ကမ္ဘာလုံးကသိ တယ်။ ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံ၊ ယဉ် ကျေးမှုတွေ ထွန်းကားတဲ့နိုင်ငံ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝတ်ပုံ၊ စားပုံက ကမ္ဘာက မြန်မာ့ယဉ်ကျေးမှုဆိုတာ ဒါလား သိ ကြတယ်။ 


ဒီလိုအရှက်သိက္ခာမဲ့တဲ့ လုပ်ရပ်မျိုး နဲ့ ရန်ပုံငွေရှာမယ်ဆိုတာကတော့ အရမ်းကို အရှက်တရားကင်းမဲ့လွန်းပါတယ်။ လက်ရှိ သမ္မတကြီးလည်း မြန်မာဝတ်စုံ၊ မြန်မာ့ကျက်သရေ ခေါင်းပေါင်းကို မြတ်နိုးတဲ့လူပါ။ ဒီလို မျိုးကပြဖျော်ဖြေရန်ပုံငွေရှာတာက နိုင်ငံတော် ကို ထိခိုက်စေသလို အုပ်ချုပ်သူကိုလည်း ထိ ခိုက်စေ တယ်။ 

အဲဒီလိုပဲ မြန်မာမိန်းကလေးထု ကိုစော်ကားသလိုပဲ ခံစားရပါတယ်။ တချို့ မိန်းကလေးတွေက ဝတ်တာ၊ စားတာခေတ် နဲ့ညီတယ် ခေတ်ရှေ့ပြေးတယ်ဆိုတာ လက်ခံ တယ်။ ဒါက သူတို့တစ်ကိုယ်တည်းကို အရင် ထိခိုက်တာ။ အခုက အများသော အမျိုးသား ကြီးငယ်တွေရှေ့မှာမဖော်သင့်၊ မဖော်ထိုက် တဲ့အရာတွေ ဖော်ပြပြီး မိန်းမတစ်ယောက်ရဲ့ အရှက်သိက္ခာကို အကျခံပြီးကပြကြမှာဆို တော့ မြန်မာပြည်က မိန်းကလေးတွေအတွက် သရုပ်ပျက်လွန်းပါတယ်။ 

အဲဒီနေရာကို ယောက်ျား အများစု သာ သွားကြမယ်။ လူပျို၊ လူအိုမရွေးသွားကြမယ်။ ဒီနေရာရှိမှ၊ ဒီနေ ရာသွားမှ ခေတ်မီတယ်ဆိုတဲ့ အတွေးတွေ မြန်မာပြည်က ပြည်သူတွေအတွေး ဦးနှောက် ထဲမှာလုံးဝ မရှိစေချင်ဘူး။ သူ့ ဟာသူကတာ ဟုတ်သော်လည်း အဲဒီတစ်ခုအတွက်နဲ့ ဆုံး ရှုံးနစ်နာသွားမယ့် အရာတွေ ရေတွက်လို့ မကုန်အောင်ရှိတယ်။

►ဝင့်ရွှေရည်မြင့်
(တက္ကသိုလ်ကျောင်းသူတစ်ဦး)


ပါတီလုပ်တာ အမျိုးမျိုးတော့ ရှိ တာပေါ့။ တချို့က ပျော်ချင်ပါးချင်လို့ ပေါ့ တချို့ကျတော့ လူငယ်တွေက သူငယ်ချင်း အသစ်တွေ ရချင်လို့ပေါ့။ ပါတီတွေက လူငယ်တွေ အတွက် လို အပ်ပြီလားလို့ ဆိုရင်တော့ သိပ်တော့ မလိုဘူးလို့ မြင်ပါတယ်။ ပါတီဆိုတာ ပျော်ဖို့ပဲလေ။ ကောင်းကျိုးဆိုးကျိုး နှစ် ခုတော့ရှိတာပေါ့။


 နောက်ပြီး Sexy ပါတီဆို တဲ့ဟာကကျတော့ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ အနောက်နိုင်ငံက ယဉ်ကျေးမှုတွေ မြန်မာ နိုင်ငံကို လွှမ်းမိုးနေတယ်လို့မြင်တယ်။ အဲ့ဒါကတော့ သိပ်မကောင်း ဘူးပေါ့နော်။

 နောက်ပြီး ခုခေတ်လူငယ်တွေက ကိုယ့်ယဉ်ကျေးမှုကို မဖော်ပြဘဲ အနောက်နိုင်ငံက ပုံစံတွေကို ဖော်ပြနေကြတယ်လို့လည်း ထင်ပါတယ်။ အဲ့ဒါကြောင့်ပါ။ ညီမအနေနဲ့ကတော့ ပါတီတွေကို တစ်ခါမှ မသွားဖူးပါဘူး။

►Trigger (အဆိုတော်)


sexy ပါတီတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲဆိုတော့ ကျွန်တော်က တော့ ခေတ်အလိုက် ပြောင်းလဲလာ တယ်လို့ပဲ မြင်ပါတယ်။ ဒီမှာပါတီတွေက တော့ လူငယ်တွေ ကြားမှာ ခေတ်စားပါ တယ်။ 


ကျွန်တော်ကတော့sexy party တွေနဲ့ ပတ်သက်ပြီး မကောင်းဘူး ကောင်းတယ်လို့တော့မပြောချင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ပါတီကြိုက်တဲ့ လူတွေကတော့ သွားကြမှာပဲလေ။ သူ တို့ကိုတားလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပျော်ဖို့၊ သောင်းကြမ်း ချင်ဖို့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် စိတ်ညစ်စရာတွေပျောက် ချင်လို့ ခဏတာ စိတ်ထွက်ပေါက်ရှာတာလည်း ဖြစ်နိုင်ပါတယ်။ 

အခုနောက်ပိုင်း ပါတီ တွေမှာက ရှိုးပါတာများတယ်လေ။ အဲ့ကျရင် ကျွန်တော် သီချင်းဆိုဖို့ပါ တယ်ဆိုရင်ေ တာ့ သွားရတာပေါ့။ ဒီအတိုင်းဆိုရင်တော့ မသွားဖြစ်ပါဘူး ခင်ဗျာ။

popularmyanmar , 
KOLATT(PBDN)
RangonNewsDaily





1 comments:

Post a Comment