Pages

Thursday, September 18, 2014

ဥရောပရုပ်ရှင်ပွဲတော် ရန်ကုန်တွင် ကျင်းပမည်

RangonNewsDaily:: September . 18 .2014
ဥရောပ(၇)နိုင်ငံမှ ရုပ်ရှင်များပါဝင်ပြသမည့် (၂၃)ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော် (The European Film Festival) ကို ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံတွင် စက်တင်ဘာ(၂၅)ရက်မှ အောက်တိုဘာ(၅)ရက်အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်သည်။
ဥရောပရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံး၊ ပြင်သစ်သံရုံး၊ ပြင်သစ်ယဉ်ကျေးမှုနှင့် ဘာသာစကားဌာန၊ အိုင်ယာလန်သံရုံး၊ အစ္စရေးသံရုံး၊ ဗြိတိသျှကောင်စီနှင့် ဂျာမန် ယဉ်ကျေးမှုနှင့် ဘာသာစကားဌာန (Gothe-Institut) တို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်သည်။ ထို့ပြင် မြန်မာ နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့က အဆိုပါ ရုပ်ရှင်ပွဲတော်အား ကူညီပံ့ပိုးသွား မည်ဖြစ်သည်။

ရုပ်ရှင်ပွဲတော်ကာလ(၁၁)ရက်အတွင်း စုစုပေါင်းရုပ်ရှင်(၁၀)ကားပြသမည်ဖြစ်ပြီး တစ်ရက်လျှင် ညနေ (၆)နာရီခွဲတွင် တစ်ကြိမ်၊ မွန်းလွဲ(၃)နာရီခွဲတွင် တစ်ကြိမ်ပြသသွားမည်ဖြစ်သည်။ ဝင်ကြေးအခမဲ့ဖြစ်ပြီး လက်မှတ် များကို ရုပ်ရှင်မစတင်မီ တစ်နာရီမှ ရုပ်ရှင်ပြသချိန်မတိုင်မီ (၁၅)မိနစ်အထိ ရရှိနိုင်ကြောင်း သိရသည်။


ပါဝင်ပြသမည့် ရုပ်ရှင်ကားများတွင် စိတ်ကူးယဉ်ဇာတ်လမ်း၊ မှတ်တမ်းရုပ်ရှင်များ၊ ကာတွန်း၊ အလွမ်းဇာတ်နှင့် ဟာသဇာတ်မြူး ရုပ်ရှင်ကားများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

MOI Webportal ,
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time