Pages

Thursday, September 18, 2014

ကမ္ဘာ့ ဂန္တ၀င် ပန်းချီကားများ အရောင်မှိန် ဆေးပြယ်ကာ ပျက်စီးမည့် အန္တရာယ်ကြုံနေ


RangonNewsDaily:: September . 18 .2014
ဗင်းဆင့်ဗန်ဂိုး၏ “နေကြာပန်း ပန်းချီကားထဲက တောက်ပ ပျံ့လွင့်သော အ၀ါလွင်လွင်ရောင်များ တောက်ပနှုန်း ကျလာနေပြီး အဲဗတ်မန့်ခ်ျ၏ “အော်သံ ပန်းချီကားကို အသက်သွင်း ပေးနေသည့် လှိုင်းတွန့် တံလျှပ်များသည် လည်း မှိန်ဖျော့ဖျော့ ဆင်စွယ်ရောင်သို့ ကူးပြောင်း နေပြီဟု ပညာရှင်များ က သတိပေး ပြောကြားသည်။
ကမ္ဘာ့  ဂန္တ၀င် ပန်းချီကားများ သက်တမ်း ရှည်ကြာလာ မှုကြောင့် တဖြည်းဖြည်းချင်း ဆေးရောင် ယိုယွင်းလာ နေမှုကို အမြန်ဆုံး ကုစားဖို့ ပညာရှင်များက တိုက်တွန်းထားသည်။

ကမ္ဘာ့ ဂန္တ၀င် ပန်းချီကားများ ဆေးသား ယိုယွင်း ပျက်စီးကာ ခံစားမရနိုင် တော့သော အနေအထားသို့ မရောက်ရှိမီ သိပ္ပံပညာ၏ အကူအညီ ဖြင့် ပန်းချီကားများကို ရာနှုန်းပြည့် ပုံတူပွားယူ ထားဖို့ အစီအစဉ် အတွက် ငွေကြေးစိုက်ထုတ် ကူညီကြရန်လည်း ပညာရှင်များက တိုက်တွန်းသည်။ဂန္တ၀င် ပန်းချီကားကြီးများ တစ်နေ့တစ်ခြား လူ့လောကကြီးကနေ မှုန်ဝါး ပျောက်ကွယ် ထွက်ခွာလျက်ရှိ နေသည်ဟု ပညာရှင်များက သတိပေးသည်။

ဗန်ဂိုးနှင့် မန့်ခ်ျတို့ သုံးခဲ့ကြသော အ၀ါရောင် ကတ်ဒမီယံသည် လေနဲ့ ထိတွေ့ မှုကြောင့် တောက်ပနှုန်း ကျဆင်းလာသည်။ တစ်ပြိုင်နက်တည်း မှာပင် ခရမ်းလွန်ရောင်ခြည် နဲ့ ထိတွေ့မှုကြောင့်လည်း အ၀ါလွင်လွင်သည် အညိုရောင် ဘက်သို့ ပြောင်းသထက် ပြောင်းလာနေသည်။

ကျွန်တော်တို့ လူသားတွေရဲ့ အဖိုး မဖြတ်နိုင်တဲ့ အနုပညာ ပန်းချီလက်ရာတွေဟာ သက်တမ်း ကြာမြင့်လာလေ သဘာဝတရား တိုက်စားမှုကြောင့် ပျက်စီးခြင်းဘက် ရောက်လာ လေလေ ဖြစ်နေပါတယ် ဟု အမ်စတာဒမ်မြို့ ရစ်ဇ် ပြတိုက်မှ အနုပညာ လက်ရာများ ထိန်းသိမ်းရေးနှင့် ပြန်လည် အသက်သွင်းရေး ဌာန အကြီးအကဲ ရောဘတ် ဗန်လက်ဂ်ျက ပြောသည်။

ဂန္တ၀င် ပန်းချီကားများ ထိန်းသိမ်းရေး လုပ်ငန်းများ အတွက် လက်ရှိထက် (၁၀) ဆတိုးပြီး ငွေကြေး သုံးစွဲကြမှ ဖြစ်မည်ဟု မစ္စတာ ဗန်လက်ဂ်ျ က ပါရီမြို့တွင် ပြုလုပ်သော အနုပညာ လက်ရာများကို သိပ္ပံနည်းဖြင့် ထိန်းသိမ်း စောင့်ရှောက်ခြင်း ဆိုင်ရာ နိုင်ငံတကာ အစည်းအဝေးတွင် တိုက်တွန်း ပြောကြားသည်။

ဂန္တ၀င် ပန်းချီကားများ၏ ဆေးသားများ သက်တမ်း ရင့်လာမှုကြောင့် ပျက်စီးနှုန်းကို သိနိုင်စေရန် ခေတ်အမီဆုံးနည်း အဖြစ် ဆင်ခရိုထရွန် စက်ကို အသုံးပြုသည်။ ထိုစက်သည် အားကောင်းသော လေဆာ အလင်းတန်းများကို သုံးကာ ပန်းချီကားများ၏ ဆေးသားများ ဖွဲ့စည်းပုံကို မော်လီကျူး အဆင့် ထိရောက်အောင် စစ်ဆေးနိုင်သည်။ 


ထိုနည်းဖြင့် ဆေးသားများ ပြင်ပ သက်ရောက်မှု များကြောင့် ဓာတုနည်းအရ ဓာတ်ပြုပြီး မော်လီကျူး အဆင့် ထိ ပျက်စီးနေမှု များကိုပါ ဖော်ထုတ် သိရှိရသည်။ ထိုနည်းပညာသည် မူရင်း ပန်းချီကား အတိုင်း မော်လီကျူး အဆင့်ထိ အသေးစိတ် တူညီသော ပန်းချီကားမျိုးကိုလည်း ပြန်ထုတ်လုပ်ပေးနိုင်စွမ်း ရှိရာ အကြောင်း တစ်ခုခုကြောင့် ပျက်စီးသွားလျှင်ပင် ကမ္ဘာ့ အနာဂတ် မျိုးဆက်သစ်များ ကမ္ဘာ့ ဂန္တ၀င် လက်ရာများကို မူရင်းနှင့်ထပ်တူ အမွေဆက်ခံနိုင်အောင် ယခု နည်းစနစ်က ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်သည်။ 

AFP , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment