Pages

Thursday, September 18, 2014

မြ၀တီ၌ နှစ်ရက်ဆက်တိုက် ချိန်ကိုက်မိုင်းတွေ့ပြီးနောက် စစ်တပ်နှင့် လုံခြုံရေးတိုးမြှင့်

RangonNewsDaily:: September . 18 .2014
မြ၀တီမြို့တွင် လူစည် ကားရာနေရာများ၌ နှစ်ရက်ဆက် တိုက် ချိန်ကိုက်မိုင်းထောင်ထား သည်ကိုတွေ့ရပြီးနောက် စစ်တပ် နှင့်ရဲတပ်ဖွဲ့ကလုံခြုံရေးတိုးမြှင့် လိုက်သလို ဖမ်းဆီးထားသည့်ပါ ကစ္စတန်နိုင်ငံသားနှစ်ဦးကို အမိန့် ချသည့်နေ့ရက်နှင့်လည်းတိုက် ဆိုင်နေသောကြောင့် စိုးရိမ်ထိတ် လန့်နေကြရကြောင်းဒေသခံများ ကပြောကြားသည်။
စက်တင်ဘာ ၁၅ရက် နံနက် က နယ်စပ်ချစ်ကြည်ရေးတံတား အနီးတွင် ချိန်ကိုက်မိုင်းတစ်လုံးမ ပေါက်ကွဲမီ တွေ့ခဲ့ရပြီးနောက် စက်တင်ဘာ ၁၆ရက် နံနက်က မြ၀တီမြို့နယ် တရားရုံးရှေ့၌ နောက်ထပ်ချိန်ကိုက်မိုင်းတစ်လုံး ထပ်မံတွေ့ခဲ့ရခြင်းဖြစ်သည်။ စက်တင်ဘာ ၁၆ရက်သည် ပြီးခဲ့ သည် သြဂုတ်လက မြ၀တီမြို့သို့ တရားမ၀င် ၀င်ရောက်လာသည့် ပါကစ္စတန်နိုင်ငံသားနှစ်ဦးကို မြို့ နယ်တရားရုံးတွင် အမိန့်ချသည့် နေ့ဖြစ်သည်။

‘‘ကျွန်တော်တို့ လုံခြုံရေးကို အရှိန်မြှင့်ထားပါတယ်။ နယ်စပ် ရော မြို့တွင်းရောပေါ့။ ချိန်ကိုက် မိုင်းကလည်းနှစ်ရက်ဆက်တိုက် တွေ့တာဆိုတော့ စစ်တပ်ရောရဲ ပါ ဒေသခံတွေလုံခြုံရေးအတွက် သတိရှိနေပါတယ်။ အင်အား ဘယ်လောက်တိုးတယ်။ ဘယ်လို ပြင်ဆင်ထားတယ်ဆိုတာတော့ ပြောခွင့်မရှိပါဘူး’’ဟု မြ၀တီခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။


စက်တင်ဘာ ၁၆ရက်က ချိန်ကိုက်မိုင်းထောင်ထားသည့် နေရာဝန်းကျင်တွင်ရဲစခန်း၊ အထက်တန်းကျောင်း၊ ပျံကျဈေး နှင့် တရားရုံးတို့ရှိနေပြီး မြို့နယ် တရားရုံးရှေ့တည့်တည့်ခြံစည်းရိုး အပြင်ဘက်တွင်ထောင်ထားခြင်း ဖြစ်သည်။


မြို့နယ်တရားရုံးရှေ့ တည့်တည့် ပျံကျဈေးဆိုင်တစ် ဆိုင်အောက်တွင် ထောင်ထား သည့် မိုင်းကို ဆိုင်ပိုင်ရှင်ကတွေ့ ရှိခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံစစ်တပ်ရင်း ၂၇၅မှ ကျွမ်းကျင်သူများကအဆိုပါမိုင်းကို ဖြုတ်သိမ်းခဲ့ကြောင်း မြ၀တီမြို့ ဒေသခံကိုလှထွန်းနိုင်ကပြောသည်။

‘‘စစ်တပ်ကတော့ တပ်စိတ် တစ်စိတ်ချထားတာတွေ့တယ်။ ဈေးဆိုင်တွေလည်းစောသိမ်းနေ ကြတယ်။ အခုမိုင်းတွေ့တဲ့နေရာ ကလည်းကျောင်းရော ရဲစခန်း ရောနီးနီးလေးဆိုတော့ လုံခြုံရေး တော်တော်အားနည်းတယ်လို့ ပြောရမှာပဲ။ ဒီနေ့ကလည်း ပါကစ္စတန်နိုင်ငံသားနှစ်ယောက်ကိုအ မိန့်ချတဲ့နေ့။ တိုက်တိုက်ဆိုင်ဆိုင် ချိန်ကိုက်မိုင်းတွေနှစ်ရက်ဆက် တိုက်ထောင်ထားတာတွေ့တော့ မြို့ခံတွေ စိုးရိမ်နေကြတာအမှန် ပဲ’’ဟု ကိုလှထွန်းနိုင်က ပြော သည်။


မြ၀တီမြို့အခြေစိုက်KNU/ KBLA-PCနယ်စပ်ဒေသဖွံ့ဖြိုး ရေးနှင့်လုံခြုံရေးဗျူဟာမှ ဗိုလ် စောစေးဝါးက ပါကစ္စတန်နိုင်ငံ သားနှစ်ဦးကို အမိန့်ချသည့်နေ့ တွင် မိုင်းတွေ့ရသောကြောင့် ဒေ သခံများစိုးရိမ်နေသည်ဟူသော သတင်းများမြ၀တီမြို့အတွင်း ပျံ့ နှံ့နေပြီး မိုင်းထောင်သူများသည် ဒေသတွင်းလက်နက်ကိုင်အဖွဲ့အ စည်းချင်းနားလည်မှုလွဲစေရန်နှင့် ဆူပူမှုဖြစ်ရန်တမင်ရည်ရွယ်လုပ် ကိုင်ခြင်းဖြစ်နိုင်ကြောင်းပြောသည်။


ပါကစ္စတန်နိုင်ငံသားနှစ်ဦး မှာ ယခုနှစ် သြဂုတ် ၈ရက်က ထိုင်းနယ်စပ်မှ တရားမ၀င်ဝင် ရောက်လာသောကြောင့် မြ၀တီ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။ ၎င်းတို့ကို လ၀ကဥပဒေပုဒ် မ၁၃(၁)ဖြင့် အမှုဖွင့် စစ်ဆေး ခဲ့ပြီး စက်တင်ဘာ ၁၆ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်နှစ် နှစ်ချမှတ်ခဲ့ကြောင်း မြ၀တီမြို့မရဲ စခန်းမှ သတင်းရရှိသည်။


7Day Daily, 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment