Pages

Thursday, September 18, 2014

ရတနာပုံတယ်လီပို့နှင့်ပူးပေါင်းရန် ထိုင်းအခြေစိုက်ကုမ္ပဏီဆွေးနွေး

RangonNewsDaily:: September . 18 .2014
ထိုင်းနိုင်ငံအခြေစိုက် အင်အားကြီးမီဒီယာလုပ်ငန်းစုတစ်ခုဖြစ်သော True Corporation သည် မြန်မာနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သော ရတနာပုံတယ်လီပို့နှင့်ပူးပေါင်းရန် ဆွေးနွေးမှုများပြုလုပ် နေကြောင်း ရိုက်တာသတင်းဌာနက ယနေ့ဖော်ပြသည်။
True Corporation ပိုင်ရှင် Dhamin Chearavanont သည် ဒေသ တွင်း၌ ဆက်သွယ်ရေးလုပ်ငန်းဈေးကွက်ဝေစုတိုးမြှင့်ရယူရန်ရည်ရွယ်၍ ရတနာပုံတယ်လီပို့နှင့်ပူးပေါင်းရန် ပြင်ဆင်ခြင်းဖြစ်သည်ဟု သိရသည်။ True Corporation ၏ဘဏ္ဍာရေးအမှုဆောင်ချုပ် Noppadol DejUdom က ဆွေးနွေးမှုများပြုလုပ်လျက်ရှိပြီးနှစ်ဖက်လုံးက သဘောမတူနိုင်သည့် အချက်များကိုညှိနှိုင်းဆဲဖြစ်သည်ဟုပြောသည်။

True Corporation သည် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ရတနာပုံ တယ်လီပို့နှင့်လက်တွဲကာ မိုဘိုင်းလ်ဖုန်းဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ရန်ကြိုးစားသွားမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 


Nppadol Dej-Udom က ''ကျွန်တော်တို့ဘက်က အရမ်းမျှတတဲ့အခြေအနေ တစ်ရပ်နဲ့ ကမ်းလှမ်းထားပါတယ်။ ရတနာပုံတယ်လီပို့နဲ့အကျိုးတူပူးပေါင်း ဖို့ ညှိနှိုင်းဆွေးနွေးနေပါတယ်။ ကောင်းမွန်တဲ့တုံ့ပြန်မှုတွေရမယ်လို့ မျှော်လင့်ထားပါတယ်''ဟုပြောသည်။

True Corporation သည် ထိုင်း နိုင်ငံတွင် မိုဘိုင်းလ်ဆက်သွယ်ရေး၊ အင်တာနက် Broadband ဆက် သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၌ နာမည်ကောင်းရရှိထားသော ကုမ္ပဏီ ဖြစ်ပြီး အရှေ့တောင်အာရှဒေသ၏ မိုဘိုင်းလ်ဆက်သွယ်ရေး တိုးတက်မှု မြင့်မား လာမည့်အခြေအနေကောင်းများကို အသုံးချနိုင်ရန်ရည်ရွယ်၍ ဒေသတွင်းဈေးကွက်တိုးချဲ့ရန် စီစဉ်ခြင်းဖြစ်သည်ဟုသိရသည်။


The Union Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment