Pages

Thursday, September 18, 2014

လူသေဆုံးမှုမြင့်တက်နေတဲ့ ရွှေ့ပြောင်းလုပ်သားများ သင်္ဘောတိမ်းမှောက်မှု

RangonNewsDaily:: September . 17 .2014
ဆီးရီးယား၊ အီဂျစ်နိုင်ငံတွေက ရွှေ့ပြောင်းနေထိုင်သူတွေလိုက်ပါလာတဲ့ သင်္ဘော မြေထဲပင်လယ်အတွင်းမှာ နစ်မြုပ်ခဲ့တာကြောင့် သေဆုံးသူ
အရေအတွက်ဟာ ၅၀၀ နီးပါးအထိရှိလာနိုင်တယ်လို့ သိရပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေကိုတင်ဆောင်လာတဲ့ သင်္ဘောတစ်စင်းကို နောက်ထပ်သင်္ဘောတစ်စင်းက မြေထဲပင်လယ်အတွင်းရှိ မယ်လ်တာသမ္မတနိုင်ငံအနီးမှာပြီးခဲ့တဲ့တစ်ပတ်တုန်းက၀င်တိုက်ခဲ့တာကြောင့် သေဆုံးသူဦးရေဟာအယောက် (၅၀၀) နီးပါးအထိမြင့်တက်လာ နိုင်တယ်လို့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ IOM သတင်းထုတ်ပြန်ပါတယ်။

သင်္ဘောနစ်မြုပ်မှုကနေရှင်သန်ခဲ့တဲ့ ပါလက်စတိုင်းဒေသခံနှစ်ယောက်ကတော့ လူကုန်ကူးသူတွေဟာသူတို့ သင်္ဘောကိုရည်ရွယ်ချက်ရှိရှိ ၀င်တိုက်ခဲ့တယ်လို့ IOM ပြောကြားထားပါတယ်။သူတို့လိုက်ပါခဲ့တဲ့သင်္ဘောဟာ အီဂျစ်နိုင်ငံ၊ဒီမစ်တာဆိပ်ကမ်းကနေ အခုလအစောပိုင်း တုန်းက ထွက်ခွာလာတာဖြစ်တယ်လို့ ပြောပါတယ်။
::
မြုပ်သွားတဲ့သင်္ဘောပေါ်မှာ ဆီးရီးယား၊ ပါလက်စတိုင်း၊ အီဂျစ်နဲ့ ဆူဒန်နိုင်ငံသားတွေပါဝင်
တယ်လို့သိရပါတယ်။

သင်္ဘောပေါ်လိုက်ပါလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို သင်္ဘောအသေးထဲကိုပြောင်းရွှေ့ဖို့ တွန်းအားပေးခဲ့ပြီး မပြောင်းတဲ့အခါမှာလူကုန်ကူးသူတွေက သင်္ဘော ကိုမြုပ်ပစ်ခဲ့တာဖြစ်တယ်လို့ အသက်ရှင်ကျန်ရစ်သူတွေက ပြောကြားထားပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မယ်လ်တာအာ
ဏာပိုင်တွေက တစ်စုံတစ်ရာအတည်ပြုခြင်းမရှိသေးပါဘူး။

MRTV 4 ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment