Pages

Thursday, September 18, 2014

လာမည့် ၃၆နာရီအတွင်း Kalmaegi မုန်တိုင်းအရှိန်ကြောင့်တိုင်းဒေသကြီးနှင့် ပြည်နယ်လေး ခုတွင် မိုးကြီးနိုင်ဟု ဒေါက်တာထွန်းလွင်သတိပေး

RangonNewsDaily:: September . 17 .2014
လာ မည့် ၃၆နာရီအတွင်း Kalmaegi မုန်တိုင်းအရှိန်ကြောင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်လေးခုတွင် မိုးကြီး နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောကြားသည်။
မုန်တိုင်းအရှိန်ကြောင့် မိုးကြီး နိုင်သောဒေသများမှာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန္တလေးတိုင်းမြောက် ပိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်း တို့အထက်ပိုင်းတို့ဖြစ်ကြောင်း၊မုန် တိုင်းသည် တောင်တရုတ်ပင်လယ် ပြင်တွင် ဆက်လက်တည်ရှိရာ ဗဟို ချက်အနီးဆုံးနေ
ရာများတွင် အများ ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၇ဝထိရှိပြီး၊ လေပုန်းတိုက်ခတ်နှုန်း မှာ တစ်ခါတစ်ရံ တစ်နာရီမိုင် ၉ဝ အထိရှိနိုင်ကာ၊ ပင်လယ်ပြင်ဗဟို ချက်မ လှိုင်းအမြင့်နှုန်းမှာ ပေ၂ဝ ထိရှိနိုင်ကြောင်း သိရသည်။

''မုန်တိုင်းအနေနဲ့တော့မဟုတ် ဘူး။ အကြွင်းအကျန်အနေနဲ့ ဝင်တာ။ ဒီဘက်တဖြည်းဖြည်းရွေ့လာ ပြီ၊ မုန်တိုင်းကြီးအဆင့်ထိ မဟုတ် ဘူး။ စိုးရိမ်ရတာကတော့ မိုးကြီးမှာ ကိုပေါ့'' ဟု ဒေါက်တာထွန်းလွင်က ပြောသည်။
::
တောင်တရုတ်ပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေသော တိုင်ဖွန်း မုန်တိုင်းသည် အနောက်မြောက် ယွန်းယွန်းအရပ်ကို တစ်နာရီ မိုင် ၂ဝနှုန်းခန့်ဖြင့် ဦးတည်ရွေ့လျားနေ ကြောင်း၊ စက်တင်ဘာ ၁၇ရက်နေ့ ညနေပိုင်းမှစတင်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းအနီးသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံမြောက်ပိုင်းကို ဝင်ရောက် နိုင်ကာ၊ ဖြတ်ကျော်ချိန်တွင်လေတိုက် နှုန်း တစ်နာရီလျှင် မိုင်၃ဝမှ ၃၅ထိ ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

YMG ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment