Pages

Thursday, September 18, 2014

တိုင်ဖုန်းမုန်တိုင်း မြန်မာနိုင်ငံအရှေ့ပိုင်းသို့ မုန်တိုင်းငယ်အဖြစ်ရောက်ရှိလာနိုင်

RangonNewsDaily:: September . 17 .2014
တိုင်ဖုန်းမုန်တိုင်းသည် ယမန် နေ့ညပိုင်းကစ၍ ဟိုင်နန်ကျွန်းကို စတင်ဖြတ်သန်းကာ ကုန်းတွင်း ပိုင်းရောက်ရှိသည့်တိုင် အားလျော့ သွားခြင်းမရှိဘဲ အနောက်မြောက် ဘက်ကို ဆက်လက်ခရီးနှင်ရာမှာ ယခုလ ၁၈ ရက် နံနက် ၃ နာရီ ခန့်မှစတင်ကာ မြန်မာနိုင်ငံအရှေ့ ပိုင်းဒေသသို့ မုန်တိုင်းငယ်အဆင့် ဖြင့် ရောက်ရှိလာနိုင်သည်ဟု မိုး လေဝသပညာရှင်ဒေါက်တာထွန်း လွင်က ခန့်မှန်းထားသည်။
''မုန်တိုင်းငယ်ဝင်လာရင်တော့ မိုးရွာပြီး မြေပြိုတတ်တယ်။ လျှပ် တစ်ပြက်ရေကြီးတတ်တယ်။ အဲဒါ ကို သတိထားရပါမယ်။ မိုးခေါင် တဲ့ဒေသတွေမှာ ရေကြီးမှုအခြေ အနေက အထက်ဘက်ကိုတက်ဖို့ များတယ်။ အထက်ဘက်တက် ရင်တော့မဆိုးဘူး။

မြန်မာပြည် အောက်ဘက်ဆင်းရင်တော့ နည်း နည်းပိုဆိုးမယ်။ မိုးခေါင်တဲ့ဒေသ တွေမှာ ရေကြီးတယ်ဆိုတာက မိုးများရင်အဲဒီဒေသတွေက ရေ မထိန်းနိုင်တော့ ရေကြီးတာဖြစ် တယ်။ မြစ်အထက်ပိုင်းက ရွာရင် လဲ အဲဒီဘက်ရောက်လာတယ်'' ဟု ၄င်းကပြောသည်။
::
အဆိုပါမုန်တိုင်းငယ်ကြောင့် ယခုလ ၁၇ ရက်နှင့် ၁၈ ရက်တို့ တွင် မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အထက်ပိုင်းဒေသများ၌ မိုးရွာ နိုင်ပြီး တောင်ကုန်းတောင်တန်း ဒေသများတွင်လည်းမြေပြိုနိုင်
သည့် အန္တရာယ်ကို ဂရုပြုရှောင်ရှားသင့် ကြောင်း၊ ယင်းမုန်တိုင်းသည် တရုတ်၊ ဗီယက်နမ်၊ လာအိုနိုင်ငံ များကိုဖြတ်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိနိုင်ခြင်းဖြစ်သည့်အတွက် မိုးသည်းထန်စွာ
ရွာသွန်းခြင်းနှင့် တောင်ကုန်းတောင်တန်းဒေသများ တွင် မြေပြိုနိုင်သည့်အန္တရာယ် ဖြစ် ပေါ်နိုင်ကြောင်း နေပြည်တော် မိုးလေဝသဌာန ခန့်မှန်းရေးမှူး ဒေါက်တာတင်မာဌေးကပြောသည်။

''ဒီမုန်တိုင်းငယ်က ဘင်္ဂလား ပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းနဲ့ မတူဘူး။ အခုက တောင်တရုတ် ပင်လယ်ပြင်မှာဖြစ်တဲ့ မုန်တိုင်းပါ။ ဒီမုန်တိုင်းရဲ့ အကျိုးသက်ရောက်မှု ကြောင့် မိုးရွာတာဖြစ်မယ်။ လက် ရှိအခြေအနေမှာ တိုင်ဖုန်းမုန်တိုင်း အဆင့်ရှိတယ်။ တဖြည်းဖြည်းနဲ့ ကုန်းတွင်းပိုင်းရောက်
သွားရင်မုန်တိုင်း တွေရဲ့သဘာဝက အားပျော့သွား တယ်။ 
::
မုန်တိုင်းရဲ့သဘာဝက ရေ ထဲမှာပဲအားကောင်းပြီး ကုန်းပေါ် မှာဆို အားလျော့သွားတယ်။ နောက်ရက်တွေမှာ မြန်မာနိုင်ငံကို ဝင်ရင်တော့ သူကမုန်တိုင်းငယ် အဆင့်လောက်ပဲရှိပါတော့တယ်'' ဟု ၄င်းကခန့်မှန်းထားသည်။

The Union Daily ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment