Pages

Wednesday, September 10, 2014

ဖုန်းဝင်လာတိုင်း ကြော်ငြာ ၁ဝ စက္ကန့် ကြည့်ရုံဖြင့် ငွေရနိုင်မည့် အစီအစဉ် စတင်တော့မည်

RangonNewsDaily:: September . 10 .2014
ဖုန်းဝင်လာတိုင်း ကြော်ငြာ ၁ဝ စက္ကန့် ကြည့်ရုံဖြင့် နေ့စဉ် ပိုက်ဆံရနိုင် မည့် အစီအစဉ်ကို ယခုလ ဒုတိယ အပတ်တွင် လုပ်ဆောင်မည်ဟု VMG TELECOMS မှ သိရသည်။
အဆိုပါ အစီအစဉ်ကို စက်တင် ဘာလ ၁၁ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး နေ့စဉ် ဝင်ငွေ ရရှိလို သူများ အနေ ဖြင့် Cash for Call အက်ပလီကေးရှင်း တစ်ခုအား မိမိ မိုဘိုင်းဖုန်းတွင် ထည့် သွင်းထား ရမည်ဖြစ်ကြောင်း သိရသည်။

Cash For Call အက်ပလီကေး ရှင်းကို အွန်လိုင်း Play Store တွင် ဝင် ရောက် ဒေါင်းလုတ် ရယူနိုင်သလို ဝက်ဘ်ဆိုက် တွင်လည်း ဒေါင်းလုတ် ရယူနိုင် မည် ဖြစ်ကြောင်း၊ ဖုန်းတစ်ခါ လာတိုင်း ကြေငြာ ၁ဝ စက္ကန့် ကြည့်ရုံ ဖြင့် မြန်မာ ကျပ်ငွေ ၅ ကျပ် ရရှိမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။


”မိသားစု ဖုန်းတွေပဲ လာလာ၊ သူ ငယ်ချင်း ဖုန်းတွေပဲ လာလာ၊ ဘယ်ဖုန်း မဆို တစ်ခါ ကိုင်ရုံ နဲ့ ငွေရမှာပါ။ တစ်နေ့ ဘယ်နှစ်ကြိမ် လာလာ တစ်ခါကိုင် ၅ ကျပ်ရမှာပါ။ ဥပမာ အိမ်က အမေဆက် တဲ့ဖုန်း၊ ကိုယ့်ဖုန်းကို ဝင်လာတယ်။ ဖုန်း ဝင်လာတာ နဲ့ ကြော်ငြာပေါ်မယ်။ ဒါကို ချက်ချင်း မကိုင်ဘဲ ၁ဝ စက္ကန့် ကြည့်ပြီးမှ ကိုင်ပြီး ကိုယ့်အမေ နဲ့ ကိုယ်ဖုန်း ပြော လိုက်ရုံနဲ့ ပိုက်ဆံ ရမှာပါ” ဟု ၄င်းက ဆက်ပြောသည်။

၁ဝ စက္ကန့်မပြည့်ဘဲ ဖုန်းကိုင်မည် ဆိုပါက သတ်မှတ်ငွေ ရရှိမည်မဟုတ် ကြောင်း၊ မိမိ ရရှိထားသည့် ပိုက်ဆံ အရေ အတွက်ကို ဖုန်းအတွင်း ထည့်သွင်း ထား သည့် Cash For Call အက်ပလီကေး ရှင်းတွင် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။


” Android ဖုန်းတွေပဲ ရမှာပါ။ ခလုတ်နှိပ်ရတဲ့ ဖုန်းတွေ ကတော့ ဒီ စနစ်ကို ရမှာ မဟုတ်ပါဘူး။ အဓိကတော့ ကြော်ငြာတွေ ကို အိမ်မှာ TV မှာ မကြည့်ဖြစ်တဲ့ သူတွေ ကြည့်နိုင်မယ်”ဟု VMG TELECOMS မှ ဒါရိုက်တာ ဦးအောင်ထွန်းက ပြောသည်။

မိမိ ရရှိထားသည့် ငွေများကို ထုတ် ယူမည် ဆိုပါကလည်း Cash For Call အက်ပလီ ကေးရှင်းတွင် ဝင်၍ ငွေထုတ် ရန် စာသားအား နှိပ်ရမည် ဖြစ်ကြောင်း၊ ယင်း သို့ ပြုလုပ်သည် နှင့် တစ်ပြိုက်နက် ကုမ္ပဏီတွင် ဖုန်းနံပါတ် နှင့် အီးမေးလ်ရောက် ရှိလာမည် ဖြစ်ပြီး ငွေထုတ်ပေးမည့် အစီ အစဉ်များကို ဖုန်းခေါ်၍ ဖြေကြားပေး သွား မည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။


”ဘဏ်မှာ ထုတ်ချင်ရင်လည်း ရပါတယ်။ ကိုယ့်ထုတ်မယ့် ဘဏ်ကို ငွေ လွှဲပေးမှာပါ။ ဒါမှမဟုတ် ငွေဖြည့်ကတ် ပဲ ထည့်သွင်းပေးပါ ဆိုရင်လည်း ဖုန်းထဲ ရိုက် ထည့်ပေး သွားမှာပါ”ဟု ၄င်းက ဆက် ပြောသည်။


ကျပ် ၃ဝဝ ပြည့်ပါက Coke အအေး ဘူး တစ်ဘူးဖြင့် လဲလှယ်နိုင်ကြောင်း စက်တင်ဘာ ၁၁ ရက် နေ့မှ ရက် အကန့်သတ် မရှိ လုပ်ဆောင် သွားမည်ဖြစ် ကြောင်း ယင်း ကုမ္ပဏီ မှ သိရသည်။

Popular Myanmar , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment