Pages

Wednesday, September 10, 2014

မြန်မာ ယူ ၂၃ ဂျပန်ညွန့်ပေါင်းအသင်းကို ဂိုးပြတ်ရှုံး

RangonNewsDaily:: September . 10 .2014
မြန်မာ လက်ရွေးစင်အသင်းနဲ့ ယူ ၁၉ အသင်းတို့ ရလဒ်ကောင်းနေပေမယ့် ပဏာမ မြန်မာယူ ၂၃ အမျိုးသား ဘောလုံးအသင်းနဲ့ ဂျပန်ဘောလုံးအဖွဲ့ချုပ် ညွန့်ပေါင်းအသင်း ချစ်ကြည်ရေး ခြေစမ်းပွဲမှာ မြန်မာအသင်းက ဂျပန်အသင်းကို သုံးဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
မြန်မာနဲ့ဂျပန် ညွန့်ပေါင်းအသင်းဟာ စက်တင်ဘာလ ၁၀ ရက်နေ့ ည လေးနာရီမှာ သုဝဏ္ဏဘောလုံးကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြတာပါ။

မြန်မာအသင်းဟာဒီပွဲမှာ ခြေစွမ်းပြကစားနိုင်ခြင်း မရှိဘဲ ဂျပန် ညွန့်ပေါင်းအသင်းရဲ့ ဖိကစားတာကို ခံခဲ့ရပြီး ပွဲချိန် ၂၁ မှာ အဖွင့်ဂိုး ပေးခဲ့ရပါတယ်။

ဒီဂိုးဟာ မြန်မာနောက်ခံလူ တွေရဲ့ အားနည်းမှုကြောင့် ပေးခဲ့ရတာဖြစ်ပါတယ်။ မြန်မာအသင်းဟာ ပွဲကစားချိန် မိနစ် ၃၀ အထိ ဂျပန်ညွန့်ပေါင်းအသင်း ဂိုးပေါက်ကို တစ်ကြိမ်ပဲ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ ချေပသွင်းနိုင်ဖို့ ရုန်းကန်နေခဲ့ရပါတယ်။


ဂျပန်ညွန့်ပေါင်းအသင်းဟာ ပွဲချိန်ပြည့်ဆိုသလို ဖိအားပေး ကစားထားနိုင်ပြီး ၇၁မိနစ်၊ ၈၇ မိနစ် တို့မှာ အနိုင်ဂိုးတွေ ထပ်သွင်းခဲ့ပါတယ်။ လူကျွံတဲ့ ဂိုးနှစ်ဂိုးနဲ့ စည်းကျော်သွားတဲ့ဂိုး အားလုံးသုံးဂိုးကို ဒိုင်လူကြီးကခွင့်ပြုခဲ့ခြင်းမရှိပါဘူး။
ဂျပန်ညွန့်ပေါင်းကို ဂျပန် ဂျေလိဂ်-၂ မှ ထူးချွန်သည့်ကစားသမားတွေကို ရွေးချယ်ဖွဲ့စည်းထားတာပါ။ ဆီမီး ပရိုအဆင့်ရှိ ကစားသမားတွေနဲ့ စက်တင်ဘာ ၅ရက်နေ့မှာ စတင် ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။


ဂျပန် ညွန့်ပေါင်းအသင်းဟာ လာအိုလက်ရွေးစင် အသင်းကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိထား ခဲ့ပါတယ်။

The Voice , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment