Pages

Wednesday, September 10, 2014

တစ်ထောင်တန် ဖုန်းငွေဖြည့်ကတ် MPT ထုတ်မည်

RangonNewsDaily:: September . 10 .2014
တစ်ထောင်ကျပ်မှ စတင်ကာ ဖြည့်သွင်းနိုင်သည့် တန်ဖိုးနည်း ငွေဖြည့်ကတ်များ ထုတ်လုပ်ရန်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ အမ်ပီတီမှာ ဂျပန်နိုင် ငံမှ KDDI, Sumitomo ကုမ္ပဏီများနှင့် ပူးပေါင်းရန် နားလည်မှုစာချွန်လွှာရေးထိုးထားခဲ့ပြီး ယင်းပူးပေါင်းမှုများအရဝန်ဆောင်မှုနှင့် နည်းပညာပိုင်းများကို အ ဆင့်မြှင့် တင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ငွေဖြည့်ကတ်များကိုလည်း ဈေးနှုန်းအမျိုးအစားအလိုက် ထုတ်လုပ်ပေးသွားရန်စီစဉ်နေပြီး စတင်ရောင်းချပေးမည့် အချိန်ကိုမူ လက်ရှိတွင် တိကျစွာပြောနိုင် ဦး မည် မဟုတ်သေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဆက်သွယ်ရေး ကျောင်းအုပ်ကြီးက ပြောကြားသည်။

”အူရီဒူးတောင်မှ တစ်ထောင်တန်ငွေဖြည့်ကတ် ထုတ်နိုင်သေးတယ်ဆိုတော့ မြန်မာ့ဆက်သွယ်ရေးလည်း လုပ်နိုင်တဲ့အနေအထားရှိပါတယ်။ လုပ်နေတဲ့ အခြေအနေ လည်းရှိတာမို့ အသေးစိတ်ကိုတော့ တရားဝင်ပြောလို့ရတဲ့အချိန်မှာ ပြောပြပေးသွားမှာပါ” ဟု ၎င်းက ဆိုသည်။

အမ်ပီတီအနေဖြင့် တန်ဖိုးနည်းဆင်းကတ်များကို ငွေကျပ် ၁၅ဝဝ ဖြင့် မိုဘိုင်းဖုန်းဆိုင်များတွင် ရောင်းချခွင့်ကို ယခုလအတွင်း စတင်ကာ ပြုလုပ်ပေးခဲ့ ပြီး ၂ဝ၁၄ ခုနှစ်မကုန်မီ ဆင်းကတ် ၅ သန်းကျော်ကို လက်လီစနစ်ဖြင့် ဆက်ည လက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးက သတင်းထုတ်ပြန်ထားခဲ့သည်။

ထို့အပြင် လက်ရှိတွင် အမ်ပီတီဆင်းကတ်သုံးစွဲသူများအတွက် ငွေဖြည့်ကတ်ဖြည့်သွင်းမှုများတွင် အပိုဆောင်းချီးမြှင့်မှုများ ပြုလုပ်နေပြီး ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ ဖုန်းသုံးစွဲသူများ ရရှိမည်ဖြစ်ကြောင်း သိရသည်။ ငွေကျပ်ငါးထောင်တန် ဖြည့်သွင်းမှုအတွက် ၂ဝရာခိုင်နှုန်းအပိုထပ် ဆောင်းပေးမည်ဖြစ်ပြီး ယင်းအတွက် တစ်ထောင် ကျပ်အပို ထပ်မံရရှိမည် ဖြစ်သည်။ ငွေတစ်သောင်းဖြည့်သွင်းသူများအတွက်အပို ၃ဝရာခိုင်နှုန်း၊ ၃ဝဝဝ ကျပ်ရရှိမည်ဖြစ်သည်။

ထို့အပြင် နှစ်သောင်းကျပ်လျှင် အပို ၆ဝဝဝကျပ်၊ သုံးသောင်းကျပ်လျှင် အပို ၉ဝဝဝ ကျပ်ထပ်ဆောင်း ရရှိမည် ဖြစ်သည်။ အမ်ပီတီအနေဖြင့် ယင်းအစီ အစဉ်ကို စက် တင်ဘာ ၄ ရက်မှ ၁၂ ရက်အတွင်း ခံစားခွင့်ပေးအပ်ထား မည်ဖြစ်ပြီး အပိုဆောင်းငွေများအသုံး ပြုနိုင်မှုကိုမူ အောက်တိုဘာလ ၁ ရက်အထိသာ ရရှိမည်ဖြစ်သည်ဟု သိရ သည်။


ယခုလအတွင်း စတင်ဖြန့်ချိတော့မည့် တယ်လီနောဆင်းကတ်များတွင် ဖုန်းခေါ်ဆိုခနှုန်းထားကို ၂၅ ကျပ်ထက် ပိုမိုကောက်ခံမည်မဟုတ်ဟု သိရသည်။ သို့သော် လူမှုကွန်ရက်သတင်းများတွင်မူ တယ်လီနော အော်ပရေတာချင်းတူလျှင် ခေါ်ဆိုခ ၁၅ ကျပ်နှင့် အခြားအော်ပရေတာများသို့ ခေါ်ဆိုလျှင် ၂၅ ကျပ် ကျသင့် မည်ဟူ ၍လည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အင်တာနက်အသုံးပြုခွင့်ပုံစံများနှင့်ဈေးနှုန်းများကိုမူ လတ်တလောတွင် တိကျစွာထုတ်ပြန်ဦးမည်မဟုတ်ဘဲ တရားဝင်ကြေညာသည့်နေ့မှပင် အစီအစဉ်များကို တစ်ပြိုင် တည်း ကြေညာပေးသွားရန် ရှိသည်ဟုလည်း သိရသည်။ 4G ကွန်ရက်များကို ဦးစားပေးတည်ဆောက်ထားသည့် တယ်လီနော မြန်မာအနေဖြင့် မြန်မာပြည် သူများ အကြား ၎င်းကွန်ရက်အသုံးပြုမှုများ ပြားလာသည့် အချိန်မှသာ တွယ်ကျယ်လာရန် ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် ဈေးနှုန်းသက်သာသည့် ဟန်းဆက်များနှင့် တွဲဖက် သုံးနိုင်မည် 2G/3G စနစ်များကိုသာ ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်ဟုသိရသည်။

Popular Myanmar , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment