Pages

Wednesday, September 10, 2014

MPT ဆင်းမ်ကတ်ကိုယ်စားလှယ်ဆိုင်များ ဈေးတင်ရောင်းပါက ခွဲတမ်းထပ်မပေးတော့ဟုဆို

RangonNewsDaily:: September . 10 .2014
MPT ဆင်းမ်ကတ် တစ်ဆင့်ပြန်လည်ရောင်းချ သည့် ကိုယ်စားလှယ်ဆိုင်များ ဈေးတင်ရောင်းချသည်ကို စုံစမ်းသိရှိ ရပါက ထပ်မံချထားမည့် ဆင်းမ် ကတ်ခွဲတမ်းများပေးတော့မည် မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဒုအင်ဂျင်နီယာချုပ် ဦး သိန်းဟုတ်က ပြောသည်။
‘‘ဆင်းမ်ကတ်တွေကို ဆိုင်ကနေ တိုးဝယ်ပြီး ပြန်သွင်းတဲ့လူတန်းစားတစ်ရပ်ရှိနေပြီး သူတို့က ဈေး ကွက်တစ်ခုကို ဖန်တီးနေလို့ အခု လို ဈေးတင်ရောင်းတာတွေ ဖြစ် နေတာပါ။ ကျွန်တော်တို့ဆီက တစ်ဆင့် ပြန်ရောင်းတဲ့ ဆိုင်တွေ က ဈေးတင်ရောင်းတယ်ဆိုရင် နောက်ထပ်ခွဲတမ်းတွေ ထပ်ချပေးတော့မှာ မဟုတ်ပါဘူး’’ဟု ဦးသိန်းဟုတ်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် စက်တင်ဘာ ၁ ရက်က ဆင်းမ်ကတ်များကို လက်လီ အရောင်းဆိုင်များမှတစ်ဆင့် စ တင်ရောင်းချပေးခဲ့ပြီး အရောင်း ဆိုင် အနည်းငယ်တွင်သာ ရောင်း ချပေးနိုင်သည့်အတွက် ကျပ်တစ် သောင်းခွဲကျော်အထိ ဈေးတင် ရောင်းချမှုများ ဖြစ်ခဲ့သည်။
::
‘‘ဆင်းမ်ကတ်တွေကို နောက်ထပ်ခွဲတမ်းနဲ့ ထပ်ချပေးဖို့ရှိပါ တယ်။ အမှန်တကယ်သုံးမယ့်လူ တွေကို ခဏစောင့်ဖို့ ပြောချင်ပါ တယ်။ ရက်တွေအကြာကြီးစောင့် ခဲ့ပြီးမှ ဒီရက်ပိုင်းလေးအတွင်းကို ခဏတော့ စောင့်စေချင်ပါတယ်’’ ဟု ဦးသိန်းဟုတ်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးသည် လက်ရှိအချိန်အထိ ဆင်းမ်ကတ် များကို အရောင်းဆိုင်များသို့ ခွဲ တမ်းတစ်ကြိမ်သာ ချထားပေးနိုင် သေးပြီး ထပ်မံချထားပေးမည့် ရက်ကို မသိရသေး၍ အရောင်း ဆိုင်အချို့တွင် ကျပ်နှစ်သောင်းခွဲ အထိ ပြန်လည်ရောင်းချလာ ကြောင်း ဆင်းမ်ကတ်အရောင်းအ ၀ယ်ပြုလုပ်သူအချို့က ပြောသည်။
::
‘‘တစ်ကတ်ချင်းဝယ်မယ်ဆို ရင်တော့ နှစ်သောင်းခွဲပါ။ ဆယ် ကတ်နဲ့ အထက်ဝယ်ဆိုရင်တော့ နှစ်သောင်းသုံးထောင်နဲ့ လျှော့ပေးပါတယ်’’ဟု ရန်ကုန်မြို့တွင် ဆင်းမ်ကတ်အရောင်းအ၀ယ်ပြု လုပ်သည့် ဆိုင်မှ တာဝန်ခံတစ်ဦး ကပြောသည်။

MPT ဆင်းမ်ကတ်များကို အချို့အရောင်းဆိုင်များတွင် သီး သန့်ရောင်းချခြင်းမပြုဘဲ ဟန်း ဆက်ဝယ်ယူပါက အခမဲ့အနေ ဖြင့် ပေးလေ့ရှိသည်။ သို့သော် ဟန်းဆက်ဝယ်ယူသော်လည်း ဆင်းမ်ကတ်အခမဲ့ပေးခြင်းမရှိဘဲ ကျပ်နှစ်သောင်းခွဲဖြင့် ၀ယ်ယူမှ သာ ပေးသည့် ဆိုင်များလည်းရှိ နေကြောင်း မိုဘိုင်းဖုန်းအသုံးပြု သူအချို့ထံမှ သိရသည်။
::
‘‘MPT ကတ်ကို အပြင်မှာ ဈေးကြီးပေးပြီး ၀ယ်ရမှာစိုးလို့ ဟန်းဆက်ဝယ်ရင်တော့ ဆိုင်က ပေးမှာပဲဆိုပြီး ဒီနေ့ဟန်းဆက်အ သစ်တစ်လုံးသွားဝယ်တယ်။ တစ် ကတ်ကို နှစ်သောင်းခွဲပေးမှရ မယ်။ ဟန်းဆက်ဝယ်ရင် မပေးဘူးဆိုပြီးပြောလို့ မ၀ယ်ခဲ့လိုက်ဘူး’’ဟု ရန်ကုန်မြို့နေ ကိုရဲက အ ရောင်းဆိုင်တစ်ခုတွင် ၎င်းကြုံ တွေ့ခဲ့ရပုံကို ပြောပြသည်။

7Day Daily ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment