Pages

Wednesday, September 10, 2014

မုံရွာမြို့ပေါ်ရှိ နန္ဒဝန်အိမ်ရာ စီမံချက်အဆို တိုင်းဒေသကြီးလွှတ်တော် အတည်ပြု

RangonNewsDaily:: September . 10 .2014
မုံရွာမြို့ နန္ဒဝန်ရပ်ကွက် စီးပွားရေးတက္ကသိုလ်နှင့် အကျဉ်းဦးစီးဌာနကြားရှိ မြေ ၁၅ ဧကကျော်တွင် အကောင်အထည်ဖော်မည့် နန္ဒဝန် တန်ဖိုးမျှ အိမ်ရာစီမံကိန်း အဆိုကို စက်တင်ဘာလ ၈ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့ကြောင်း ယင်းလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
စစ်ကိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး ၂/၂၀၁၄ တွင် အဆိုပါစီမံကိန်း ဆောက်လုပ်ရေး စီမံချက်အဆိုကို တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ဇော်ဦးက လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

တန်ဖိုးမျှ အိမ်ရာအတွက် မြေ ၁၅ ဧကကျော်မှ ၁၀ ဧကကျော်ကို ရှစ်ခန်းတွဲ ခြောက်ထပ်အိမ်ရာ အလုံးပေါင်း ၂၂ လုံး တည်ဆောက်မည် ဖြစ်ပြီး အိမ်ခန်း တစ်ခန်းတွင် ဧည့်ခန်းနှင့် ထမင်းစားခန်း၊ အိပ်ခန်း နှစ်ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်း အိမ်သာနှင့် အသုံးချ ဧရိယာများ ပါဝင်အောင် ဖွဲ့စည်းထားကြောင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ဇော်ဦးက လွှတ်တော်သို့ ထည့်သွင်း တင်ပြချက်များအရ သိရသည်။
::
လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး တင်သွင်းခဲ့သည့် အိမ်ရာစီမံကိန်း အဆိုကို လွှတ်တော် တက်ရောက်ကြသည့် လွှတ်တော်ကိုယ်စားလှယ် အားလုံးက သဘောတူညီသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။
::
နန္ဒဝန်တန်ဖိုးမျှ အိမ်ရာစီမံကိန်း ဆောက်လုပ်ရေး စီမံချက်တွင် စုစုပေါင်း အဆောက်အအုံ ၃၂ လုံး ပါဝင်မည် ဖြစ်ပြီး အိမ်ခန်းယူနစ် ၁၁၈၄ ယူနစ် ပါဝင်မည်ဖြစ်ကာ လူဦးရေ စုစုပေါင်း ၆၃၀၄ ဦး နေထိုင်နိုင်မည် ဖြစ်ကြောင်း စီမံကိန်း အချက်အလက်များအရ သိရသည်။

The Voice ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment