Pages

Friday, June 27, 2014

Probox ကားများ မီးလောင်မှုဖြစ်စေသော အချက်များနှင့် ကာကွယ်နိုင်ရန် အချက်များ


RangonNewsDaily:: June . 27 .2014
Probox ကားများ မီးလောင်မှု ဖြစ်စေသော အချက်သုံးချက်ရှိပြီး ကာကွယ်နိုင်ရန် အချက်လေးချက် ရှိပါသည်။
မီးလောင်မှု ဖြစ်စေသော အချက်များမှာ

(၁) Catalytic Converter ပိတ်ခြင်း 
(၂) Catalytic Converter ပိတ်သောကြောင့် အင်ဂျင်အပူချိန် အလွန်မြင့်မားကာ ရေခန်း၍ အင်ဂျင်ခန်း အပူချိန် အလွန် မြင့်မားလာခြင်း 
(၃) အင်ဂျင်ခန်း အပူချိန် အလွန်မြင့်မားလာသော အပူချိန်ကြောင့် ဆီပိုက်ပေါက်၍ သို့မဟုတ် ယိုစိမ့်၍ Catalytic Converter ပိတ်ကာ မီးကဲ့သို့ နီရဲနေသော အိတ်ဇောပေါ်သို့ ဆီကျခြင်းကြောင့် လောင်ရပါသည်ဟု ပညာရှင်များ သုံးသပ်ထားသည်ကို တွေ့ရသည်။

ကာကွယ်ရန် အချက်များ 


(၁) Catalytic Converter ကိုဖြုတ်၍ ရေအားပြင်းသော ရေပန့်ဖြင့်ထိုးကာ လေအား ပြင်းပြင်းဖြင့် မှုတ်လျှင် လုံးဝနီးပါး ပိတ်နေခြင်းမှ သက်သာလာမည် ဖြစ်ပါသည်။ သို့သော် အသစ်ကဲ့သို့တော့ ပွင့်မည်မဟုတ်ပါ။ အလုပ်ရုံများတွင် Catalytic Converter ပိတ်ပါက အသစ်ဖြတ်လဲ ပါသည်။ 

အသစ်သည် အနည်းဆုံး ငါးနှစ်ကျော်တော့ သုံးနိုင်မည် ဖြစ်ပါသည်။ Catalytic Converter ကိုလုံးဝ ဖြုတ်မထုတ်သင့်ပါ။ Catalytic Converter မရှိပါက မီးခိုးငွေ့များသည် အပြင်သို့ တိုက်ရိုက် ရောက်သွားသောကြောင့် ယာဉ်ထူထပ်သော မြို့ကြီးများတွင် လေထုညစ်ညမ်း စေပါသည်။ 

(၂) အင်ဂျင်ရေ အပူချိန်တက်ကာ ရေဆူခြင်းမှ ကာကွယ်နိုင်ရန် Thermostart သာမိုစတတ်များကို စစ်ဆေးကာ မကောင်းလျှင် အသစ်လဲခြင်း၊ ရေတိုင်ကီနှင့် ရေပိုက်လိုင်းများ ယိုစိမ့်မှုရှိ၊ မရှိ မကြာမကြာစစ်ခြင်း၊ ရေတိုင်ကီတွင် Toyota coolant ဆေးရည်ကိုသာ သတ်မှတ်အချိန်အဆ အတိုင်း ထည့်သုံးခြင်း၊ (ရေတိုင်ကီ Toyota coolant သည် အခြားပြင်ပြထုတ် coolant များဖြစ်သော အစိမ်းနှင့် အပြာရောင်တို့နှင့် ရေသုံးက ရေအပူချိန် တက်စေပါသည်)

 ရေတိုင်ကီအောက်ဖက် ဘယ်၊ ညာ နှစ်ဖက်တွင် Cooling Fan အထိုင်နှင့် ရေတိုင်ကီကြားတွင် ကျွတ်စခံကာ ရေတိုင်ကီပန်ကာ အုံအထိုင်နှင့် ရေတိုင်ကီ ရိုက်ကာ ရေတိုင်ကီပေါက်ခြင်းမှ ကာကွယ်ထားခြင်း၊ 

(၃) ရေအပူချိန်ပြမီးသည် မောင်းနှင်နေချိန်တွင် ကြည့်ရန် ခက်ခဲသောကြောင့် ဒက်ဘုတ်ပေါ်တွင် ရေမီတာဒိုင်ခွက်တစ်ခု တပ်ဆင်ထားသင့်ပါသည်။ ရေမီတာ ဒိုင်ခွက်သည် ရေအပူချိန် အာရုံခံဆင်ဆာနှင့် အတွဲလိုက်ရောင်းသည်ကို ဝယ်မှသာ မီတာမှန်ပါသည်။ 

ထိုအပိုမီးခေါင်းကို အင်ဂျင်အပေါ် ရေပြန်ပိုက်နားတွင် ထည့်ဆင်ရမည်ဖြစ်ကာ မီတာတစ်ခုသာဝယ်၍ ECM control box သို့ ဝင်သော ရေအပူချိန် ဆင်ဆာမီးကြိုးTHW မှ လုံးဝဖောက်မယူရပါ။ 

(၄) ပျှမ်းမျှ သက်တမ်း ၁ဝ နှစ်ကျော်နေသော အင်ဂျင် Injector ဆီပိုက်ကို ကုမ္ပဏီမှ အသစ်မှာယူ၍ လဲလှယ်သင့်ပါသည်။ ပြည်တွင်းမှ ပစ္စည်းဖြင့်လဲလှယ်လျှင်လည်း အမျိုးအစားကောင်းသော High Pressure Fuel pipe ဖြင့်သာ လဲလှယ်
သင့်ကြောင်း သိရပါသည်။

မြ၀တီ , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment