Pages

Friday, June 27, 2014

ဂျပန်အသင်းနည်းပြ ဇက်ခရိုနီ၊ အီရန်အသင်းနည်းပြ ကွီရော့ဇ်၊ ဟွန်ဒူးရပ်စ်နည်းပြ ဆွာရက်ဇ်တို့ ရာထူးမှ အသီးသီးနုတ်ထွက်

ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည့် ဂျပန်အသင်းနည်းပြ ဇက်ခရိုနီ (Photo-AFP)
RangonNewsDaily:: June . 26 .2014
ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရလဒ်များဆိုးရွားခဲ့ကာ အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည့် ဂျပန်အသင်းနည်းပြ ဇက်ခရိုနီ၊ အီရန်အသင်းနည်းပြ ကွီရော့ဇ် နှင့် ဟွန်ဒူးရပ်စ်အသင်း နည်းပြ ဆွာရက်ဇ်တို့ သည် ရာထူးမှ အသီးသီးနုတ်ထွက်သွားခဲ့ကြောင်း သိရသည်။
ဂျပန်အသင်းသည် အုပ်စု(C)၌ သရေတစ်မှတ်သာ ရရှိခဲ့ပြီး၊ အီရန်အသင်းမှာလည်း အုပ်စု(F)၌ သရေတစ်မှတ်သာရရှိခဲ့ခြင်းဖြစ်သည်။ ဟွန်ဒူးရပ်စ်အသင်းသည် အုပ်စု(E)၌ (၃)ပွဲစလုံး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယင်းနည်းပြများ မတိုင်မီ အီတလီအသင်းနည်းပြ ပရင်ဒယ်လီနှင့် အိုင်ဗရီကို့စ်အသင်းနည်းပြ လာမိုချီတို့မှာလည်း ရာထူးမှ နုတ်ထွက်ခဲ့ကြသည်။

Eleven Media , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment