Pages

Friday, June 27, 2014

ရုရှားကို သရေကစားပြီး အယ်လ်ဂျီးရီးယား နောက်တစ်ဆင့်တက်

(Photho; AFP)
RangonNewsDaily:: June . 27 .2014
အယ်လ်ဂျီးရီးယားအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ရုရှားအသင်းကို သရေ ကစားပြီး (၁-၁)ဂိုးဖြင့် နောက်တစ်
ဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ယခုပွဲတွင် အနိုင်ရရှိမှု နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည့် ရုရှားအသင်းက အစွမ်းကုန်ရုန်းကန်ကစား
သွားခဲ့ပြီး ဦးဆောင်ဂိုးလည်း သွင်းယူနိုင်ခဲ့သည်။

ပွဲချိန် (၆)မိနစ်တွင်ပင် တိုက်စစ်မှူးကိုကော်ရင်က ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင်လည်း နှစ်သင်း

အပြန်အလှန်ကစားခဲ့ကြပြီး ရုရှားအသင်း၏တိုက်စစ်ကို အယ်လ်ဂျီးရီးယားအသင်း အသည်းအသန်ထိန်းချုပ်ခဲ့ရသည်။ 

သို့သော် အယ်လ်ဂျီးရီးယားအသင်းကလည်း အခွင့်အရေးများဖန်တီးနိုင်ခဲ့ပြီး မိနစ်(၆၀)တွင် ဆလီမာနီက အဖိုးတန်ချေပ
ဂိုး ပြန်သွင်းယူနိုင်ခဲ့သည့်အတွက် အသင်း၏သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားရှုံးထွက်အဆင့်သို့ ပထမဆုံးအကြိမ် တက်
လှမ်းနိုင်ခဲ့သည်။ 

အယ်လ်ဂျီးရီးယားအသင်းသည် ဇွန်လ(၃၀) ရက်နေ့တွင် ဂျာမနီအသင်းနှင့် ရှုံးထွက်ပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment