Pages

Friday, June 27, 2014

အမေရိကန်ကို အနိုင်ယူပြီး အုပ်စုပထမအဖြစ် ဂျာမနီနောက်တစ်ဆင့်တက်


RangonNewsDaily:: June . 27 .2014
ဂျာမနီနှင့် အမေရိကန်တို့၏ အုပ်စုနောက်ဆုံးပွဲစဉ်တွင် ၈ျာမနီအသင်းက အမေရိကန်အသင်းကို သောမတ်စ်မူလာ၏ တစ်လုံးတည်းသောဂိုးဖြင့် (၁-၀)ဂိုးဖြင့် အနိုင်ယူကာ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ဂျာမန်နည်းပြနှစ်ဦး ဆုံတွေ့သည့်ပွဲတွင် အမေရိကန်နည်းပြ ကလင်းစမန်းက ချစ်ကြည်ရေးပွဲ ကစားမည်မဟုတ်ဟု ဆိုထားခဲ့သ်ာလည်း နှစ်သင်းအားထုတ်မှုမှာမူ သာမန်ထက် မပိုခဲ့ပေ။ အမေရိကန်အသင်းက ဂျာမနီကို အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့သော်လည်း အဆုံးသတ်ပိုင်းတွင် လိုအပ်ချက်များ ရှိနေခဲ့ခြင်းကြောင့် ဂျာမနီဘက်သို့ ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။ ဂျာမနီအသင်းက ပွဲချိန်ကြာလာသည်နှင့်အမျှ ပိုမိုအသာစီး ရရှိလာခဲ့သည်။ 

ဂျာမနီအသင်းအနေဖြင့် အပိုင်အခွင့်အရေးများကို အသုံးချနိုင်ခဲ့ပါက ယခုထက်ပိုမို၍ ဂိုးရနိုင်သည့် အခြေအနေများရှိခဲ့သော်လည်း ပွဲချိန်(၅၅)မိနစ်တွင် သောမတ်စ်မူလာသွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

မာတီဆက်ကာ၏ ခေါင်းတိုက်ချက်ကို အမေရိကန်ဂိုးသမား တင်မ်ဟောင်းဝပ် ကာကွယ်ခဲ့သော်လည်း သောမတ်စ်မူလာက မီတာ(၂၀)အကွာခန့်မှ ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းဂိုးမှာ သောမတ်စ်မူလာအတွက် ယခုပြိုင်ပွဲတွင် (၄) ဂိုးမြောက်ဖြစ်ပြီး နေမာ၊ မက်ဆီတို့နှင့် ဂိုးသွင်းဘုရင်ဆုအတွက် အပြိုင်ဖြစ်သွားခဲ့သည်။

(photo : AFP)
KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment