Pages

Friday, June 27, 2014

အုပ်စု (G) က ဂျာမနီနဲ့ အမေရိကန် ရှုံးထွက်အဆင့်ကို တက်ပြီ

Photo:fifa.com
RangonNewsDaily:: June . 27 .2014
ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက် အဆင့်ကို အုပ်စု (G) က ဂျာမနီအသင်းနဲ့ အမေရိကန်အသင်းတို့ တက်သွားကြပြီဖြစ်ပါ
တယ်။ အုပ်စု ပွဲစဉ် ၃ ပွဲစီကစားအပြီးမှာတော့ ဂျာမနီက ၇ မှတ်နဲ့ အုပ်စု ပထမ အမေရိကန် အသင်းက ၄ မှတ်နဲ့ အုပ်စု ဒုတိယ အဖြစ် တက်ရောက်သွားတာဖြစ်ပါတယ်။
အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂျာမနီက အမေရိကန်အသင်းကို သောမတ်မူလာရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိလိုက်ပြီး ပေါ်တူဂီ ကတော့ ဂါနာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ပေါ်တူဂီအသင်းနဲ့ ဂါနာအသင်းတို့ကတော့ ကျန်ခဲ့ပြီဖြစ်ပါတယ်။ ပေါ်တူဂီအသင်းက အုပ်စုဒုတိယနဲ့ တက်သွားတဲ့ အမေရိကန်အသင်းနဲ့ ရမှတ်တူပေမယ့် ပေးဂိုးကွာခြားချက်ကြောင့် ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။


ဧရာဝတီ , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment