Pages
Friday, June 27, 2014
အထပ်မြင့် အဆောက်အအုံများတွင် ပျက်စီး ယိုယွင်းနေသော မီးသတ် လှေကားများအား စစ်ဆေး၍ အစိုးရ အဖွဲ့သို့ တင်ပြမည်
RangonNewsDaily:: June . 27 .2014
ရန်ကုန်မြို့နယ် အတွင်းရှိ အထပ်မြင့် အဆောက်အအုံများတွင် ပျက်စီး ယိုယွင်းနေသော မီးသတ်လှေကား များအား စစ်ဆေး၍ အစိုးရအဖွဲ့သို့ တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မင်းက The Messenger Media သို့ ပြောသည်။
““သက်ဆိုင်ရာနယ်မြေ မီးသတ်ကနေ ပုံမှန်စစ်ဆေးရင်းနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမှာပါ””ဟု ၎င်းက ပြောသည်။
လက်ရှိတွင် လူနေအထပ်မြင့် အဆောက်အအုံများအား မီးဘေး အန္တရာယ်ကင်းဝေး စေရန်ကြည့်ရှု၍ အကြံပေးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ထို့အပြင် အသစ်ဆောက်လုပ်မည့် အထပ်မြင့် အဆောက်အအုံများ မီးဘေး လုံခြုံရေးအတွက် (Fire Safety Certificate) ထုတ်ယူမှု နည်းနေသေးကြောင်း ဦးတင်မင်းက ပြောသည်။
““အဲဒီ ပျက်စီး နေတာတွေက ဟိုးအရင်က ဆောက်လုပ်ခဲ့တဲ့ ကန်ထရိုက်တိုက်တွေ မှာရှိနေတာပါ””ဟု Three Friends ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးကိုကိုလေး က ပြောသည်။
၂၀၁၂ ခုနှစ်နောက်ပိုင်း ဆောက်လုပ် လာသော ကန်ထရိုက် အဆောက်အအုံများတွင် မီးသတ်လှေကား များအား ကွန်ကရစ် လှေကားများအဖြစ် ပြောင်းလဲ တည်ဆောက် စေခဲ့သည့် အတွက် အန္တရာယ် မရှိသော်လည်း ယခင် ရှေးနှစ်ပိုင်း များက တည်ဆောက်ခဲ့သည်။ 
မီးသတ် လှေကားများကို သံခေါင်းပွပိုက် များဖြင့် တည်ဆောက် ခဲ့သဖြင့် ရာသီဥတုဒဏ်ကြောင့် သံချေးတက် ယိုယွင်းနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
““ဒီမီးသတ်လှေကားတွေ ရှိတဲ့အတွက် အသုံးဝင် တာတော့
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ အနှံ့အပြားရှိ အဆောက်အအုံ (၅၀၀၀) ကျော်အား ဆောက်လုပ်ခွင့် ပါမစ်အတွက် မီးသတ် ဌာနမှ အကြံပြုချက်များ ထုတ်ပေးခဲ့သည်။ 
ယင်းသို့ အကြံပြုချက်များ ထုတ်ပေး ခဲ့ပြီးသော်လည်း အဆောက်အအုံ (၁၀၀) ကျော်သာ မီးသတ်ဦးစီးဌာန၏ ထောက်ခံချက် ရယူထားကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီး ဌာနမှ သိရသည်။
Messenger , 
KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment