Pages

Friday, June 27, 2014

မန်းရတနာပုံ လေကြောင်းလိုင်းသစ် ဖွင့်ပွဲအခမ်းအနား


RangonNewsDaily:: June . 26 .2014
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် မြန်မာ့လေကြောင်းနှင့် ပုဂ္ဂလိကလေကြောင်းလိုင်းများ နေ့စဉ်ပြေးဆွဲလျက်ရှိရာ ခရီးသွားပြည်သူများ ခရီးလမ်းအဆင်ပြေချောမွေ့စေရေးအတွက် လေကြောင်းလိုင်းအသစ် ထပ်မံတိုးချဲ့ကြောင်း သိရသည်။
မန္တလေးအခြေစိုက် လေကြောင်းလိုင်းသစ်တစ်ခုဖြစ်သည့် မန်းရတနာပုံ လေကြောင်းလိုင်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက တနင်္သာရီ တိုင်းဒေသကြီးထားဝယ်မြို့ လေယာဉ်ကွင်းအဆောက်အအုံရှေ့၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကျော်ဆန်း၊ မန်းရတနာပုံလေကြောင်းလိုင်းမှ ဥက္ကဋ္ဌ ဦးသန်းဦးနှင့် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းပီယာရီတို့က မန်းရတနာပုံလေကြောင်းလိုင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန်းရတနာပုံလေကြောင်းလိုင်းမှ ဥက္ကဋ္ဌ ဦးသန်းဦးနှင့် တာဝန်ရှိသူများသည် မန်းရတနာပုံ လေယာဉ်အနီးတွင် အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

မန်းရတနာပုံ လေယာဉ်သည် တစ်ပတ်လျှင် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့) များတွင် ပြေးဆွဲမည်ဖြစ်ပြီး လေယာဉ်စီးခနှုန်းထားမှာ ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ ကျပ် ၆၆ဝဝဝ နှုန်း၊ ထားဝယ်မြို့မှ မြိတ်မြို့သို့ ကျပ် ၄၁ဝဝဝ နှုန်း၊ ထားဝယ်မြို့မှ ကော့သောင်းမြို့သို့ ကျပ် ၇၁ဝဝဝ နှုန်းဖြစ်၍ လေယာဉ်နှစ်စင်းဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(ခရိုင်ပြန်/ဆက်) , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment