Pages

Thursday, May 22, 2014

လေဖိအားနည်းရပ်ဝန်း INVEST 92B အပြည်ပြည်ဆိုင်ရာအမည်ရ SYSTEM တစ်ခု ဖြစ်လုနီးအထိ အားကောင်းလာ


RangonNewsDaily: May . 21 .2014
လေဖိအားနည်းရပ်ဝန်း INVEST 92B သည် မေလ ၂၁ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ ဗဟိုဖိအား 999 hPa အထိ ကျဆင်းသွားပြီး ဗဟိုလေတိုက်နှုန်းမှာလည်း 30 knots(34.5 mph) အထိ ရောက်ရှိလာသဖြင့် ပိုမိုအားကောင်းလာကြောင်း တွေ့ရပါသည်။နောက်ဆုံးရရှိသည့် data များအရ 92B သည် ပုသိမ်မြို့ အနောက်ဘက် ၂၁၅ မိုင်ခန့်၊ ရန်ကုန်မြို့ အနောက်ဘက် ၃ဝ၅ မိုင်ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘ
က် ၂၃၅ မိုင်ခန့် အကွာ ပင်လယ်ပြင်၌ ဗဟိုပြုနေပြီး လွန်ခဲ့သော ၆ နာရီအတွင်း မြောက်ဘက်သို့ တစ်နာရီ ၆ မိုင်နှုန်းခန့်ဖြင့်ရွေ့လျားခဲ့ပါသည်။ (ပုံ-၁)

ဗဟိုလေတိုက်နှုန်း 34 knots(တစ်နာရီ ၃၉ မိုင်နှုန်း) နှင့် အထက်သို့ ရောက်မှ အပြည်ပြည်ဆိုင်ရာ အမည်(02B – TWO)Tropical Depression(TD) အဆင့်သို့ သတ်မှတ်ရောက်ရှိမည် ဖြစ်ရာ ယခု ဗဟိုလေတိုက်နှုန်း 30 knots သို့ ရောက်ရှိလာသဖြင့် 02B ဖြစ်လုနီးပါးအခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ဆိုင်ကလုန်း လေတိုက်နှုန်းနှင့် အဆင့်သတ်မှတ်ပုံများ Cyclone Windspeed Scale ကို ပုံ-၂ တွင် တင်ပြပေးထားပါသည်။
::
အိန္ဒိယ မိုးလေဝသဌာနမှ ယနေ့ ညပိုင်း ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း(INVEST 92B
)သည် လွန်ခဲ့သော ၆ နာရီအတွင်း မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်း
လာကာ မြောက်-အရှေ့မြောက်ယွန်းယွန်းသို့ ဆက်လက်ရွေ့လျားပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးသို့ လာမည့် ၄၈ နာရီအတွင်း ရောက်ရှိလာနိုင်မည် ဟု ခန့်မှန်းထားကြောင်း တွေ့ရပါသည်။

The depression over east-central Bay of Bengal moved northwards during past 6 hours, lay centered near latitude 16.0°N and longitude 90.5°E at 1430 hours IST of today, the 21st May 2014, about 540 km north-northwest of Port Blair.
::
It may intensify further into a deep depression during next 24 hours. It would continue to move near northwards for some time and then north-northeastwards towards Myanmar & adjoining Bangladesh coast during next 48 hours.

လေဖိအားနည်းရပ်ဝန်း 92B
21 May 2014 1200Z
Location: 16.6 91.5
Winds: 30 knots
Central Pressure: 999 hPa

By MMweather ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment