Pages

Thursday, May 22, 2014

ကျောင်းသားနှင့် လိင်တူဆက်ဆံသည်ဟု စွပ်စွဲခံရသည့် မူလတန်းကျောင်းအုပ် အလုပ်ထုတ်ခံရ

RangonNewsDaily: May . 21 .2014
စတုတ္ထတန်း ကျောင်းသားကလေးငယ်အား လိင်တူဆက်ဆံသည်ဟု စွပ်စွဲခံထားသော ပဲခူးတိုင်း၊ ပြည်မြို့ နယ်၊၀က်ထီးကန်မြို့၊ အမက(၁)ရွေကန်သာကျောင်းမှ လုပ်သက် ၂၂ နှစ်ရှိ မူလတန်းကျောင်းအုပ်ကြီးကို အလုပ်ထုတ်ပစ်လိုက်ပြီဖြစ်ကြောင်း ပြည်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးနိုင်အောင်ထွန်းက မဇ်္ဈိမကို ပြောသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့်အဆိုပါဖြစ်စဉ်ကို ကျောင်းအုပ်ဆရာကြီးအား လူမှုရေးအရသာ စစ်ဆေးမေးမြန်းပြီး မေလ ၁ ရက်တွင် ပင်စင်မဲ့ အလုပ်ထုတ်လိုက်ခြင်းဖြစ်သည်။

“သူက မူလတန်းကျောင်းအုပ်၊ အလယ်တန်းရာထူးတိုးပေးလိုက်ရင်လည်း ပြဿနာထပ်ဖြစ်မှာစိုးလို့ ဖြုတ်ပစ်လိုက်တာ” ဟု ဦးနိုင်အောင်ထွန်းက ပြောသည်။
::
ကျောင်းအုပ်ဆရာကြီးနှင့် လေးတန်းကျောင်းသားသည် ကျောင်းအိမ်သာထဲတွင်နှစ်နာရီကြာအတူရှိနေသည်ကို မျက်မြင်တွေ့ရှိသူဆရာမများက ကျောင်းသားအားမေးမြန်းခဲ့ပြီး ကလေးမိဘများထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

မိဘများကကျောင်းအုပ်ဆရာကြီးအားထိရောက်စွာအရေးယူပေးရန်နှင့် ၎င်း၏သားအားအဆိုပါကျောင်း မှထွက်ခွင့်ပြုရန် အုပ်စုကျောင်းအုပ်ကြီးထံနှုတ်ဖြင့် တောင်းဆိုခဲ့ရာ အုပ်စုကျောင်းအုပ်ကြီးက မြို့နယ် ပညာရေးမှူးရုံးသို့တင်ပြရာ ကျောင်းသားကို အဆိုပါကျောင်းမှ နုတ်ထွက်ခွင့်ပြုကာ အခြားကျောင်းသို့ ရွှေ့ပြောင်း ပေးခဲ့သည်။
::
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သည်ဟုဆိုသည့် ကျောင်းအုပ်ဆရာကြီးထံ မဇ်္ဈိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းက ပြန်လည်ဖြေဆိုရန် ငြင်းဆန်သည်။

Mizzima - News ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment