Pages

Thursday, May 22, 2014

ကျောက်ဆည်မြို့နယ်တွင် ဖယောင်းတိုင်မီးမှ မီးလောင်မှုဖြစ်ပွား၊ ကလေးငယ်တစ်ဦး သေဆုံး


RangonNewsDaily: May . 21 .2014
ကျောက်ဆည်မြို့နယ်၊ တောင်နံသာရပ်ကွက်တွင် မေလ (၂၀) ရက် ည (၉း၂၇) နာရီတွင်ဖယောင်းတိုင်မီး ဆော့ရာ
 ခြင်ထောင်မီးစွဲမှုမှတဆင့် နေအိမ်မီးလောင်သောကြောင့် မချောစုလင်း အသက် (၆) နှစ်အရွယ် ကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုကြောင့် ၂၈ ပေ x ၂၁ ပေ(၄x၃) ပင် ဝါးကပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်ကိုလည်းကောင်း၊ နေအိမ်ပေါ်
ရှိ အသက် (၆) နှစ်အရွယ် မချောစုလင်း (အဖ) ဦးသန်းဌေးမှာ မီးလောင်ခဲ့ပြီး သေဆုံးခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်းဖိုးမှာ (၂၉၄၀၀၀) ကျပ် ဖြစ်ပြီး အိမ်ရှင် ဦးသန်းဌေး (၂၈) နှစ် (အဖ) အား မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ (ပ)၂၄၁/၁၄ ပုဒ်မ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရသည်။
::
အဆိုပါ မီးလောင်ရာသို့ ကျောက်ဆည်မြို့ နယ် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် (၃) စီးနှင့်အတူ သန္ဓေတပ်ဖွဲ့ဝင် (၁၂) ဦးတို့နှင့်အတူ ရပ်ကွက်သူရပ်ကွက်သားများ ဝိုင်းဝန်းငြှိမ်းသတ်သောကြောင့် ည(၉း၃၅) မိနစ်တွင် မီးငြိမ်းသတ်နိုင်

ခဲ့ကြောင်း သိရှိရသည်။

MOI Webportal ::--
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment