Pages

Thursday, May 22, 2014

နည်းပြသစ် ခန့်အပ်ခဲ့သည့် ဘာစီလိုနာအသင်း


RangonNewsDaily: May . 21 .2014
စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းဟာ လစ်လပ်နေတဲ့ နည်းပြရာထူးနေရာအတွက် အသင်းရဲ့ ကစားသမားဟောင်း " လူးဝစ်အန်းနရစ် " ကိုခန့်အပ်လိုက်ကြောင်း သတင်းရရှိပါတယ်။
" လူးဝစ်အန်းနရစ် " ဟာ ယခုနှစ် ရာသီလာလီဂါပြိုင်ပွဲ ပြီးဆုံးချိန်မှာ ဆဲလ်တာဗီဂိုအသင်းနည်း ပြရာထူးမှ နုတ်ထွက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဘာစီလိုနာအသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းဟာ ယခုနှစ်ရာသီမှာ ဖလားလက်မဲ့ ရာသီတွေ့ကြုံခဲ့ရပြီး နည်းပြဖြစ်သူ " မာတီနို " ဟာ အသင်းနဲ့လမ်းခွဲခဲ့တာကြောင့် ကစားသမားဟောင်းဖြစ်သူ " လူးဝစ် အန်းနရစ် " ကို (၂)နှစ်စာချုပ်နဲ့ နည်းပြခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

စပိန်မီဒီယာများရဲ့ ဖော်ပြမှုအရ ဘာစီလိုနာအသင်းဟာ " လူးဝစ်အန်းနရစ် " ကို (၂)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်ကိုယူရို(၆)သန်းခန့် ပေးချေသွာမှာဖြစ်ကြောင်း သိရပါတယ်။ဘာစီလိုနာအသင်းဟာ (၂၀၁၃-၁၄)ရာသီမစတင်ခင်မှာ နည်းပြဖြစ်သူ " မာတီနို " ကို (၂)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင် နယ်အဆင့်ကနေ ထွက်ခဲ့ရသလို လာလီဂါမှာလည်း နောက်ဆုံး(၆)နှစ်အတွင်းမှာ ဒုတိယအကြိမ် မြောက် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တာကြောင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။


" လူးဝစ် အန်းနရစ် " ဟာ ဘာစီလိုနာအသင်းမှာ (၁၉၉၆)ခုနှစ်ကနေ (၂၀၀၄)ခုနှစ်ထိ ပါဝင်ကစားခဲ့ပြီး ပွဲပေါင်း(၃၀၀)ကျော်ပါဝင်ကစားကာ အသင်းနဲ့အတူ လာလီဂါဖလား(၂)ကြိမ်အပါအ၀င်အခြား အောင်မြင်မှုများကို ရယူထားသူ ဖြစ်ပါတယ်။ 

သူဟာ (၂၀၀၈)ခုနှစ်ကနေ (၂၀၁၂)ခုနှစ်အထိ ဘာစီလိုနာ (B) အသင်းမှာ နည်းပြအဖြစ်ဆောင်ရွက်ခဲ့သလို အီတလီကလပ်ရိုးမားအသင်းကိုလည်း နည်းပြချုပ်အဖြစ် တစ်နှစ်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

" လူးဝစ်အန်းနရစ် " ဟာ (၂၀၁၃-၂၀၁၄) ဘောလုံးရာသီမစတင်ချိန်မှာတော့ စပိန်ကလပ်ဆဲလ်တာဗီဂိုအသင်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး အသင်းကို လာလီဂါအမှတ်ပေးဇယားမှာ အဆင့်(၉)နေရာရရှိအောင် စွမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရပါတယ်။ 


ဘာစီလိုနာအသင်းဟာ " လူးဝစ်အန်းနရစ် " ကို နည်းပြသစ်အဖြစ် ခန့်အပ်ပြီးချိန်မှာ အဲဗာတန် အသင်းနဲ့ ဆဲလ်တာဗီဂိုအသင်းတွေကို အငှားချထားတဲ့ " ဒယ်လိုဖူ " နဲ့ " ရာဖင်ဟာ " တို့ကို ပြန်လည် ခေါ်ယူခဲ့ပါတယ်။

ဒါ့အပြင် အသင်းမှ ထွက်ခွာတော့မယ့် ဂိုးသမားတွေဖြစ်တဲ့ " ဗဲလ်ဒတ် " နဲ့ " ပင်တို " တို့နေရာကို အစားထိုးဖို့အတွက် ဂျာမနီကလပ် မိုဂျန်ကလာဘတ်အသင်းရဲ့ ဂိုးသမား " စတီဂန် " ကိုအပြီးသတ် ခေါ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။ 

MRTV-4 , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment