Pages

Thursday, May 22, 2014

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဂျာမနီအသင်း၌ ဂိုးသမား နျူအာနှင့် ဖိလစ်လမ်းတို့ ပါဝင် ကစားမည်


RangonNewsDaily: May . 22 .2014
ဒဏ်ရာ အနည်းငယ်စီ ရရှိထားသော ဘိုင်ယန်မြူးနစ် အသင်းမှ ဂိုးသမား မန်နျူရယ်လ်နျူအာနှင့် ဝါရင့် ကစားသမား တစ်ဦး ဖြစ်သူ ဖိလစ်လမ်းတို့သည်ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဂျာမနီနိုင်ငံ ကိုယ်စားပြု အသင်း၌ ပါဝင် ကစားရန် အတွက် စိုးရိမ်ဖွယ် အခြေအနေ မရှိကြောင်း အသင်းဆရာဝန် Hans-Wilhelm Mueller-Wohlfahrt က မေ ၁၉ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
နျူအာနှင့် ဖိလစ်လမ်း တို့သည် အဆိုပါ ဒဏ်ရာများကို ဒေါ့မွန်နှင့် မေ ၁၇ ရက်က ယှဉ်ပြိုင် ကစားခဲ့သော ပိုကယ်လ်ဖလား ဗိုလ်လုပွဲစဉ်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းပွဲစဉ်တွင် ဂိုးသမား နျူအာသည် ညာဘက်ပခုံးတွင် ဒဏ်ရာရရှိခဲ့ပြီး အလားတူ နိုင်ငံအသင်း ခေါင်းဆောင် လမ်းသည် ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ ကစားသမား နှစ်ဦးသည် ဒဏ်ရာ ရရှိထားသော်လည်း South Tyrol ရှိ ၎င်းတို့၏ လေ့ကျင့်ရေး ကွင်းသို့ မေ ၂၁ ရက်တွင် နိုင်ငံအသင်းနှင့် အတူ သွားရောက် လေ့ကျင့်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment