Pages

Thursday, May 22, 2014

အင်းလျားလမ်းတွင် နေ့ခင်းကြောင်တောင် အငှားယာဉ်လုမောင်းပြေးသူ ယာဉ်ထိန်းရဲကို လက်သီးဖြင့်ထိုး


RangonNewsDaily: May . 22 .2014
ရန်ကုန်မြို့ အင်းလျား လမ်းတွင် မေလ ၂၁ ရက်က အငှားယာဉ်တစ်စီးအား အကြမ်း ဖက်လုယက်ပြီးနောက် ယာဉ် ထိန်းရဲကို လက်သီးဖြင့်ထိုးကြိတ် ခဲ့သည့်အမျိုးသားအား မြို့နယ် ရဲစခန်းနှစ်ခုတွင် အမှုသုံးမှုဖြင့် အမှုဖွင့် ဖမ်းဆီးချုပ်နှောင်
ထား ကြောင်း သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများမှ သတင်းရရှိသည်။
ဗဟန်းမြို့နယ် ဓမ္မစေတီ မီးပွိုင့်မှ အင်းလျားလမ်းအတိုင်း မောင်းနှင်လာသော အငှားယာဉ် တစ်စီးမှာ မေလ ၂၁ ရက် နေ့ လယ်က ဗဟန်းမြို့နယ်အတွင်းရှိ ကွန်ပျူတာတက္ကသိုလ်ရှေ့အ ရောက်တွင် အသက်(၂၈)နှစ်အ ရွယ် အမျိုးသားတစ်ဦးက ယာဉ် ရှေ့မှ ပိတ်ရပ်ကာ ယာဉ်ကို ရပ်တန့်စေခဲ့သည်။ထို့နောက် ယင်း အမျိုးသားမှာယာဉ်မောင်းအနီး သို့ ရောက်ရှိသည့်
အခါ ယာဉ် မောင်း၏ လည်ကုပ်ကို လှမ်းဆွဲ ပြီး မျက်နှာကို လက်သီးဖြင့် ထိုး ခဲ့ကြောင်း သိရသည်။

ထိုသို့ လက်သီးဖြင့် ထိုးခံရ၍ ယာဉ်မောင်းဖြစ်သူ က မောင်းနှင်ထွက်ပြေးမည်ပြုစဉ် အဆိုပါ အမျိုးသားသည် ယာဉ် နောက်ခန်းတံခါးကို ဆွဲဖွင့်ကာကားအတွင်း ဝင်ရောက်ခဲ့သည်။
::
ကားထွက်သွားစဉ် ကား နောက်ခန်းမှနေ၍ ယာဉ်မောင်း လည်ပင်းကို အနောက်မှ သိုင်း ဖက်ပြီး ညှစ်သောကြောင့် ယာဉ် မောင်းမှာ အင်းလျားလမ်း သစ်သီးတန်းရှေ့အရောက်တွင် ယာဉ်ပေါ်မှ ကားတံခါးဖွင့်၍ ယာဉ်ကိုထားပြီး ပြေးဆင်းသွားကြောင်း သတင်းရရှိသည်။

‘‘ကားတံခါးဖွင့်ပြီး ဝင်ထိုင် တယ်။ နောက်လည်ပင်းကိုသိုင်း ဖက်ပြီးထိုးတာ။အထိုးမခံနိုင်တဲ့ အဆုံး ကားပေါ်က ဆင်းပြေး

ခဲ့ တာ။ သူက ကားနောက်ခန်းကနေ ကားရှေ့ထိုင်ပြီး မောင်းပြေးတာ။ စစမောင်းချင်းမှာပဲ ရပ်ထားတဲ့ လိုက်ထရပ်
ကားကို ဝင်တိုက် တယ်။ နောက်တော့ အင်းလျား လမ်း မီးပွိုင့်ရောက်တော့ တာယာ ပွင့်ထွက်ပြီး ယာဉ်တွေဆင့်တိုက် တာ။ ကားကမောင်းလို့မရတော့ ရပ်သွားတာ။ အဲဒီအချိန် ယာဉ် ထိန်းရဲက ရောက်လာပြီး ကား သော့ဆွဲဖြုတ်တော့ သူက လက် သီးနဲ့ ယာဉ်ထိန်းရဲမျက်ခုံးကို ထိုး လိုက်တာ’’ဟု ယာဉ်ကို လုယက်ခိုးယူခံရသူ ဦးစိုးမိုးက ပြောကြားသည်။
::
ယာဉ်တိုက်မှုကြောင့်ရောက်လာသည့် မီးပွိုင့်အနီး တာဝန်ကျယာဉ်ထိန်းရဲကိုပါ လက်သီးဖြင့် ထိုးခဲ့သည့် အဆိုပါ အမျိုး

သားကို ကမာရွတ်ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူများက ဖမ်းဆီးမိခဲ့ ကြောင်း သတင်းရရှိသည်။

‘‘ယာဉ်တိုက်မှုဖြစ်တော့ ယာဉ်ထိန်းရဲ ရောက်လာတော့ ယာဉ်ထိန်းရဲကို ဘာမှမပြောရ သေးဘဲ သူလက်သီးနဲ့ ထိုးလိုက် တာ’’ဟု ကမာရွတ်မြို့နယ် ယာဉ် ထိန်းတပ်ဖွဲ့မှ အမှုစစ်ရဲအရာရှိက ပြောသည်။
::
ယင်းကဲ့သို့ အငှားယာဉ်လုယူမောင်းနှင်ကာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ထိန်းရဲကို ထိုးကြိတ်ခဲ့၍ ပြစ်မှုကျူးလွန်သူဟု ယူဆထားသူ အသက်(၂၈)နှစ် အရွယ် ကြည့်မြင်တိုင်မြို့နယ်နေ စိုးပြည့်မွန်ဆိုသူကို လုယက်မှု၊ ယာဉ်တိုက်မှုနှင့် တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြင့် ဗဟန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ် ရဲစခန်းတို့တွင် အမှုအသီးသီး ဖွင့်၍ အရေးယူဖမ်းဆီး စစ်ဆေးလျက်ရှိသည်။

7Day Daily ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment