Pages

Thursday, May 22, 2014

ရန်ကုန်မြို့အတွင်း လူစည်ကားရာ နေရာများတွင် သင်္ကန်းဝတ်လူတစ်ဦးမှ အမျိုးသမီး များ ဖုန်းဟန်ဆက်ဖြင့် ဓာတ်ပုံချောင်းရိုက်မှုမျာူးပြုလုပ်နေ


RangonNewsDaily: May . 22 .2014
ရန်ကုန်မြို့လှည်းတန်းကမာရွတ်အနီးတဝိုက်တွင် အရပ် ၅ပေ ၇/၈ လက်မရှိ အသားညိုတုတ်တုတ် နှင့် မျက်နှာ ခပ်ပြည့်ပြည့် ဘုန်းကြီး သင်္ကန်းဝတ်လူတစ်ဦးမှာ အမျိုးသမီးငယ်များအား ဖုန်းဟမ်းဆက်ဖြင့်ဓာတ်ပုံလိုက်လံရိုက်ခြင်း ခန္ဓာကိုယ်အနောက်ပိုင်းပုံများအား ရိုက်ကူးခြင်း အပြင် အနောက်မှလိုက်လံကြည့်ရှုကာ မိန်းကလေးတို့အသွားအလာကိုစောင့်ကြည့်မှတ်သားခြင်းတို့ပြုလုပ်နေသည်ကိုတွေ့ရှိရပါသည် ။မင်္သကာသဖြင့် စောင့်ကြည့်ရာ နေ့စဉ် နံနက် ၇:၀၀ ဝန်းကျင်ခန့်အချိန်တွင် လှည်းတန်းမှတ်တိုင် (မြို့ထဲသို့) နှင့် လှည်းတန်းမှတ်တိုင် (အင်းစိန်သို့) တွင် မယောင်မလည်ရပ်စောင့်ကာ မနက်အစော အလုပ်သွားရုံးသွား မိန်းကလေးများကို မသိမသာ ဓာတ်ပုံရိုက်ခြင်း ဘတ်စ်ကားပေါ်အထိလိုက်လံကြည့်ရှုခြင်း ကြိုပို့ယာဉ်ဖြစ်ပါက ယာဉ်နါံတ်မှတ်သားခြင်း ဖုန်းဖြင့်ရိုက်ကူးကာ မှတ်သားခြင်းတို့ပြုလုပ်ကြောင်းတွေ့ရှိရပါသည် ။

သင်္ကန်းအောက်မှလည်း ဘောင်းဘီဝတ်ဆင်ထားသည်ကိုတွေ့ရတတ်သည် တခါတရံ သပိတ်လွယ်ကာ လှည်းတန်း ဦးထွန်းလင်းခြံလမ်းမှ ဝင်ရောက်ကာ ဈေးလမ်းအတွင်းဝင်ပြီး ဆွမိးခံကြွသယောင်ပြုလုပ်ပြီး ၎င်းမှတ်သားရိုက်ကူထားသော အမျိုးသမီးများ၏ နေအိမ် တိုက်ခန်းအဆောင်များအောက် အနီးအနားတွင် ရပ်စောင့် ဆွမ်းခံသမှုပြုပါသည် ထို့နောက် အနောက်မှလိုက်လံကြည့်ရှုပြီး အခွင့်သာလျှင် ဖုန်းဖြင့်ဓာတ်ပုံရိုက်လေသည်။

သပိတ်မပါ ဆွမ်းမခံဘဲ ဖုန်းဟမ်းဆက်တစ်လုံးသာယူဆောင်ပြီး လှည်းတန်း Giordano ဆိုင် / လှည်းတန်း အင်းစိန်ဘက် ကားဂိတ်/ ဇေယျာသီရိလမ်းထိပ် / စံရိပ်ငြိမ် မှတ်တိုင်အနီးနားတို့တွင်မယောင်မလည် စောင့်နေတတ်ပါသည်။

၎င်းအနောက်မှ လိုက်လံကြည့်သည်တွင်လည်း မယောင်မလည်ထွက်ပြေးပြီး တခါတရံ နီးစပ်ရာ ဘုန်းကြီးကျောင်းများအတွင်း ကုဋီတက်သယောင်ပြုကာ ဝင်ရောက်ပုန်းအောင်းပြီး ဘုန်းကြီးကျောင်းများ၏ ဘေးပေါက် အနောက်ပေါက်များမှ ထွက်ပြေးတတ်ပါသည်။

စံရိပ်ငြိမ်မှတ်တိုင်အနီးရှိ ဘုန်းကြီးကျောင်းအတွင်း မျက်နှာချင်းဆိုင်တွေ့ဆုံရာတွင် “ မင်းတို့ငါ့နောက်မလိုက်နဲ့ မအေပေးတွေ ငါဘုန်းကြီးကွ ဘာလုပ်ချင်လဲ ”ဟု ပြန်လည်ပြောဆိုပြီး ပြည်လမ်းဘက်အခြမ်းသို့ ထွက်ပြေးသွားပါသည် ထို့နောက်နီးစပ်ရာ လိုင်းကားပေါ်တက်ကာ အဆင်ပြေရာ မျက်ခြေပြတ်လောက်မည်ထင်သည့် မှတ်တိုင်တွင်ဆင်းကာ တိန်းရှောင်တတ်ပါသည်။ ထို့နောက် တွေ့ရာ တက္ကစီကိုတားပြီး အမြန်မောင်ခိုင်းပါသည် ကျသလောက်ငါပေးမယ်ဟုလည်း ကားသမားများကိုပြောဆိုခိုင်းစေ ပြီး မျက်ခြေဖြတ်တတ်ပါသည်။

ယနေ့ဆိုလျှင် အငှားယာဉ်နံပါတ် 1D/1614 ပေါ်တက်ကာ ထွက်ပြေးသဖြင့်အနောက်မှလိုက်ရာ လှည်းတန်းမီးပွိုင့်တွင်မီးနေစဉ် ၎င်းအားဓာတ်ပုံရိုက်ရာ သင်္ကန်းနှင့် မျက်နှာကိုကွယ်ထားခြင်း ခေါင်းမြီးခြုံထားခြင်း ကားနောက်ခန်းတွင်းမှောက်အိပ် ပုန်းအောင်းနေပြန်ပါသည် မီးစိမ်းရာ အင်းစိန်လမ်းမဘက်သို့ထွက်ပြေးလွတ်မြောက်သွားပြန်ပါသည်။ဆိုရပါသော် ၎င်းအကြောင်းသိသူ အမျိုးသမီးအချို့မှာလည်း ဘုန်းကြီးသံဃာမြင်သော် ထိတ်လန့်ကာ ထင်ယောင်ထင်မှားဖြစ်နေရပါသည် ။

၎င်း၏သံဃာယောင်ဆောင်ခြင်းကြောင့် ဗုဒ္ဓသာသနာကို ညစ်နွမ်းစေကာ သံဃာတော်အစစ်များ ဆွမ်းခံကိုယ်တော်များ နွမိးပါးသံဃာတော်များကိုပါ များစွာထိခိုက်နစ်နာစေပါသည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သဖြင့် ဘုန်းကြီးသင်္ကန်းကြောင့် မည်သို့မျှမပြောဆိုနိုင်သော်လည်း မိန်ူးကလေးများ၏ လုံခြုံမှုအတွက်စိုးရိမ်ရပါသည်။ ၎င်း၏ရယ်ရွယ်ချက်အား ခန့်မှန်းသိရှိရသလောက် မိန်းကလေးများအား စုံစမ်းကာ အားနည်းချက်တွေ့သူများအား ဖမ်းဆီးခေါ်ဆောင် အနိုင်ကျင့်ကာ ရောင်းစားမည့်အခြေအနေအထိရှိနေသည်ကို တွေ့မြင်ခန့်မှန်းမိပါသည်။

လှည်းတန်းကမာရွတ်အပြင် စမ်းချောင်း လှိုင် သမိုင်း နှင့် မြို့ထဲ စံပြနားတဝိုက်တွင်ပါ တွေ့ရှိခြေရာခံမိသဖြင့် မိန်းကလေးများ သတိထားနေထိုင်သွားလာကြရန်နှင့် သံသယရှိသူ ၎င်းဘုန်းကြီးပုံစံအား မိမိအနီးအနားတွင်သော်လည်းကောင်း သွားလာရင်းတွေ့ရှိလျှင်သော်လည်းကောင်း အနားမကပ်စေရန်နှင့် သတိထားစောင့်ကြည့်ရန် ဖုန်းကိုင်ဆောင် ပြောဆိုသယောင်ပြုပါက ခပ်ခွာခွာနေကြရန် မိမိ၏မျက်နှာ ၎င်းဖုန်းကင်မရာထဲမရောက်စေရန် သတိပေးအပ်ပါသည်။

၎င်း၏လုပ်ရပ်ကြောင့် သိက္ခာရ ရဟန်းသံဃာများအတွက် သာသနာဖျက်သူဖြစ်သဖြင့် ဗုဒ္ဓဘာသာသာသနာတော်ကြီးကို ခုတုန်းလုပ်နေသူအဖြစ်သတ်မှတ်ကာအရေးယူရန်
လိုအပ်ပြီး မိန်းကလေးများအနေဖြင့် သတိထားသွားလာနေထိုင်ကြရန် မနက်ခင်း
ပင်ဖြစ်စေကာမူ ၎င်းမှာ အမြဲကြောင်ကြိုကြောင်ကြားများ လူအများနောက်မှတ်တိုင်
များနှင့် တိုက်ခန်းလှေကားများတွင်ရှိနေတတ်ခြင်းကြောင့် မျက်စိဖွင့်နားစွင့်နေကြရန် မိမိအနားသို့ ၎င်းသံသယရှိသူကပ်လာသည်ဟုထင်ရပါက ပိုမိုသတိထားရန် မိမိအား ဓာတ်ပုံရိုက်နေသည်ဟု ယူဆရပါက မရှက်မကြောက် ပဲ မိမိပတ်ဝန်းကျင်မှ လူအချို့သိသာအောင်လုပ်ဆောင်ပေးခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်ကြရန် လူအများ သတိပြုနိုင်ရန် အသိပေးလိုက်ပါသည် ။

REF:: Phyo Han Thwin's , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment