Pages

Thursday, May 22, 2014

အဝါရောင် အဆင့်ရှိ မုန်တိုင်းငယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကမ်းခြေဘက်သို့ ဦးတည် ရွေ့လျားနိုင်ခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းအန္တရာယ် သတိပြုရန်လို

RangonNewsDaily: May . 22 .20144
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အဝါရောင် အဆင့်ရှိ မုန်တိုင်းငယ်သည် မေလ၂၁ ရက်နေ့မှ နောက် ၂ ရက်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် ကမ်းခြေဘက်သို့ ဦးတည် ရွေ့လျားနိုင်ခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသ အနေနှင့် အထူးသတိပြုရမည့် အခြေအနေ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
“လောလောဆယ် မုန်တိုင်းက မြန်မာနိုင်ငံကို ဦးမတည်ပေမယ့် အင်အား မကောင်းလာပါစေနဲ့လို့ ဆုတောင်းရမယ်။ မဟုတ်ရင် မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရခိုင်ကမ်းရိုးတန်းက စိုးရိမ်စရာ ရှိတယ်။ အစဉ်အလာအရ မုန်တိုင်းလမ်းကြောင်း ကွေ့သွားနိုင်လို့” ဟု ၎င်းကဆိုသည်။

အဆိုပါ မုန်တိုင်းငယ် အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် မိုးသက်လေပြင်များ တိုက်ခတ်နိုင်ပြီး လှိုင်းကြီးနိုင်သဖြင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ သတိပြု ကာကွယ်ရန် လိုအပ်ကြောင်း ဦးကျော်လွင်ဦးက သတိပေး ပြောဆိုသည်။
::
လေဖိအားနည်းရပ်ဝန်း အားကောင်းရာမှ မုန်တိုင်းငယ် အဆင့်သို့ မေလ ၂၁ ရက်နေ့တွင် ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်မြောက်ဘက် ၁၈၅ မိုင်ခန့်အကွာ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် ၂၅၅ မိုင်၊ အိန္ဒိယနိုင်ငံ ပို့ဘလဲယားမြို့ အနောက်မြောက်ဘက် ၂၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မေလ ၂၁ ရက်နေ့တွင် ခန့်မှန်းချက် ထုတ်ပြန်သည်။
::
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေလ ၁၅ ရက်နေ့ကလည်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် အနီရောင်အဆင့် ဆိုင်ကလုန်း မဟာစင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသနှင့် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဒေသများကို ဦးတည် ရွေ့လျားခဲ့ပြီး ရခိုင်ကမ်းရိုးတန်း ဒေသကို အဖျားခတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖြတ်ကျော် ဝင်ရောက်ခဲ့သည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment