Pages

Tuesday, May 20, 2014

ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်း ၂ ဦး လွတ်မြောက်ရေး ဆွေးနွေးနေ

RangonNewsDaily: May . 20 .2014
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ဆည်တဲရွာမှာ ကျေးရွာသားတွေက ဖမ်းဆီးထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသား ၂ ယောက် လွတ်မြောက်ရေးအတွက် ဆည်တဲရွာသားတွေနဲ့ ဝမ်ပေါင်ကုမ္ပဏီ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ ဆည်တဲကျေးရွာသားတစ်ဦးက ပြောပါတယ်။
ဝမ်ပေါင်ကုမ္ပဏီက တရုတ်လူမျိုး ၂ ယောက်နဲ့ မြန်မာနိုင်ငံသား ကားဒရိုင်ဘာ ၁ ယောက်ဟာ မနေ့က မနက် ၉ နာရီခွဲလောက်က ဆည်တဲရွာနဲ့ ကိုက် ၅ဝဝ အကွာမှာ လေထုအရည်အသွေးတိုင်းတာဖို့ သွားရောက်ရာမှာ ဆည်တဲရွာထဲက ကျေးရွာသားတွေ ထွက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နောက်ပိုင်းမှာ ကားမောင်းသူကို လွှတ်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ပြည်သူ့ရဲတပ်ဖွဲ့နဲ့ ကယ်တင်ဖို့ ကြိုးပမ်းခဲ့ရင် လှုပ်ရှားရေးဝါဒီများက ၄င်းတို့ ၂ ဦးအား နာကျင်အောင် နှိပ်စက်ညှဉ်းပန်းမည့်အကြောင်း မနေ့က ည ၈ နာရီ မိနစ် ၂ဝ က ပြောဆိုလာကြောင်း ဝမ်ပေါင်ကုမ္ပဏီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

RFA , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment