Pages

Tuesday, May 20, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရန်ကုန် - နေပြည်တော် အမြန် လမ်းမကြီး ကြံ့ခိုင်မှု အခြေ အနေ ကြည့်ရှု စစ်ဆေး


RangonNewsDaily: May . 20 .2014
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် မေလ၁၉ ရက်နေ့ နံနက်ပိုင်း တွင် ရန်ကုန်မြို့မှ နေပြည်တော် သို့ ရန်ကုန် - နေပြည်တော် အမြန် လမ်းမ ကြီး အတိုင်း ထွက်ခွာ လာပြီး အမြန် လမ်းမ ကြီး တစ်လျှောက် လမ်း၊ တံတား များ ကြံ့ခိုင်မှု အခြေ အနေ ကို ကြည့်ရှု စစ်ဆေး သည်။
ထို့ နောက် မိုင်တိုင် အမှတ် (၁၁၉ / ၂) ၌ ဆောက်လုပ် ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင် က ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး အား ပြုပြင် ထိန်းသိမ်း နေမှုနှင့် အဆင့် မြှင့်တင် သွားမည့် အစီအစဉ် များကို ရှင်းလင်း တင်ပြ သည်။ ယင်းနောက် နိုင်ငံ တော် သမ္မတ သည် မိုင်တိုင် အမှတ် (၁၃၈ / ၂) ရှိ အုတ်တွင်း တံတား အား တစ်ဖက် (၄) လမ်း သွားဖြင့် (၈) လမ်း သွား တံတား အဖြစ် တည်ဆောက် ထားမှု ကို ကြည့်ရှု စစ်ဆေး သည်။

ဆက်လက် ၍ မိုင်တိုင် အမှတ် (၁၄၅ / ၂) ရှိ ခပေါင်း တံတား တွင် မူလ တံတား တည်ဆောက်ချိန် ကပင် ဒုတိယ အဆင့် (၈) လမ်းသွား တံတား တည်ဆောက် နိုင်ရန် အတွက် အောက်ခံ တိုင်များ တည်ဆောက် ထားခဲ့မှု အခြေ အနေ၊ 


မိုင်တိုင် အမှတ် (၁၈၅ / ၁) တွင် ကတ္တရာ ထပ်ပိုးလွှာ ခင်း၍ လမ်းကြံ့ခိုင်မှု ကို မြှင့်တင် နေမှုနှင့် မိုင်တိုင် အမှတ် (၁၉၇ / ၅) ရှိ မီးရထား လမ်းကျော် တံတား အခြေ အနေ တို့ကို ကြည့်ရှု စစ်ဆေးပြီး တံတားများ အား အမြန် လမ်းမကြီး ၏ မူလ စီမံကိန်း ရည်မှန်း ချက် ပါ အတိုင်း (၈) လမ်းသွား တံတား များ အဖြစ် တိုးချဲ့ တည်ဆောက် သွားရန်၊ 

အမြန် လမ်းမကြီး အား လက်ရှိ (၄) လမ်း သွားမှ (၆) လမ်းသွား အဖြစ် စတင် တိုးချဲ့ရန်၊ ဂျပန် အပြည်ပြည် ဆိုင်ရာ ပူပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ တိုင်းတာ ချက် များအရ ဦးစားပေး ပြုပြင် ရမည့် လမ်းမကြီး ၏ (၆) ရာခိုင်နှုန်း ကို အမြန် ပြုပြင် သွားရန်၊ 

လမ်းမကြီး ပေါ်တွင် ယာဉ် မတော် တဆ မှုများ ဖြစ်ပွားမှု များ အရ ယာဉ်မောင်း သူ၏ မဆင်မခြင် မောင်းနှင်မှု၊ ယာဉ် ၏ ချို့ယွင်းမှု၊ လမ်း၏ ချို့ယွင်းမှုနှင့် ရာသီဥတု တို့ ကြောင့် ဖြစ်ရာ ယာဉ် မတော်တဆ မှုများ ဖြစ်ပွားမှု လျော့နည်း ရေး အတွက် အသိ ပညာပေး လုပ်ငန်း များ ပိုမို ဆောင်ရွက် သွားရန် နှင့် လမ်း၊ တံတား များ ကြံ့ခိုင် ရေး၊ ယာဉ် အန္တရာယ် ကင်းရှင်းရေး တို့အတွက် စဉ်ဆက် မပြတ် စစ်ဆေး ဆောင်ရွက် သွားရန် မှာ ကြားခဲ့ သည်။

KOLATT(PBDN)

RangonNewsDaily


0 comments:

Post a Comment