Pages

Tuesday, May 20, 2014

သင်္ဃန်းကျွန်းမြို့နယ်တွင် လမ်းလျှောက်နေသူကလေးငယ်အား အငှားယာဉ်မှ ၀င်ရောက်တိုက်မိ၍ သေဆုံး

RangonNewsDaily: May . 20 .2014
၁၉.၅.၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ နှင်းဆီကုန်းလမ်းအတိုင်းသင်္ဃန်းကျွန်း ဘူတာဘက်မှ (က)
ရပ်ကွက်ဘက်သို့ ရှားဆက်နိုင် (၂၆)နှစ်၊ (ဘ)ဦးအောင်ဝင်းမြိုင်၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်နေသူမောင်းနှင်လာသော
6A--- ကရီနာဆလွန်းခဲရောင် အငှားယာဉ်သည် နှင်းဆီးကုန်းအိမ်ရာ ရှေ့အရောက် လမ်း၏ယာဘက်အစပ်မှ လမ်းလျှောက်သွားနေသူ သင်္ဃန်းကျွန်းမြို့နယ်နေမောင်ညီလင်းနိုင် (၈)နှစ်အား ဝင်ရောက်တိုက်မိပြီး ရှေ့ယာဘက်
ဘီးဖြင့်ကြိတ်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် မောင်ညီလင်းနိုင်မှာ ရင်ဘတ်ပွန်းပဲ့၊ ဦးခေါင်းဝဲဘက်ပေါက်ပြဲဒဏ်ရာ များရရှိခဲ့ပြီး မြောက်
ဥက္ကလာဆေးရုံသို့ တင်ပို့ကုသစဉ်သေဆုံးသွားခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ရှားဆက်နိုင်အား သုဝဏ္ဏနယ်မြေရဲစခန်းယာဉ်(ပ
)၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရဲဇာနည် ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment