Pages

Tuesday, May 20, 2014

ဘင်္ဂလားပင်လယ်အော်မှ INVEST 92B ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်နိုင်ခြေ အဆင့် MEDIUM သို့ ရောက်ရှိလာ


RangonNewsDaily: May . 20 .2014
လေဖိအားနည်းဆဲလ် 92B သည် ဗဟိုဖိအား 1002 hPa အထိ ကျဆင်းလာပြီး၊ ဗဟိုလေတိုက်နှုန်းမှာလည်း 20 knots အထိ တက်လာကြောင်း(ပိုမိုအားကောင်း
လာကြောင်း)၊ လွန်ခဲ့သည့် ၆ နာရီအတွင်း မြောက်ဘက်သို့ တစ်နာရီ ၁၄ မိုင်နှုန်း
ခန့်ဖြင့်ရွေ့လျားခဲ့ကြောင်း၊ မေလ ၂ဝ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီ
တွင်နောက်ဆုံးရရှိသည့် အချက်အလက်များအရ တွေ့ရပါသည်။INVEST 92B သည် ကိုကိုးကျွန်းလေဆိပ်၏ အနောက်-အနောက်မြောက်ဘက် မိုင် ၁၆ဝ ခန့်၊ ပုသိမ်မြို့ အနောက်-အနောက်တောင်ဘက် ၂၇၅ မိုင်ခန့်၊ လပွတ္တာမြို့ အနောက်-အနောက်တောင်ဘက် မိုင် ၂၆ဝခန့်၊ ဖျာပုံမြို့ အနောက်-အနောက်မြောက်
ဘက် မိုင် ၃၂ဝ ခန့်အကွာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း ပင်လယ်ပြင်
တွင် ဆက်လက်တည်ရှိနေပြီး မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့
လျားနိုင်မည်ဟု ခန့်မှန်းရပါသည်။

INVEST 92B သည် လာမည့် မေလ ၂ဝ ရက် ၁၈း၃ဝ နာရီမှ လာမည့် ၁၈ နာရီကြို
တင်ခန့်မှန်းချက်အရ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင် ၁၃ဝ မှ မိုင် ၁၅ဝ ခန့်အကွာအထိ ရောက်ရှိလာနိုင်ကြောင်း တွေ့ရပါသည်။

JTWC မှ ထုတ်ပြန်ချက်အရ INVEST 92B သည် ပိုမိုအားကောင်းလာလျှက်ရှိပြီး ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်နိုင်ခြေ MEDIUM သို့ ရောက်ရှိလာကြောင်း တွေ့ရပါသည်။(ပုံ-၃)

မုန်တိုင်းအဆင့်သို့ ရောက်ရှိလာလျှင်ဖြစ်စေ၊ လေဖိအားနည်းရပ်ဝန်းအဆင့်ဖြင့် ယခုခန့်မှန်းလမ်းကြောင်းအတိုင်း ဆက်လက်ရွေ့လျားလာလျှင်ဖြစ်စေ မုန်တိုင်းညာဘက်ခြမ်းရှိ ဒေသအချို့၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်းများ ဖြစ်ပေါ်နိုင်ပါ၍ ကြိုတင်ပြင်မှုများ ဆောင်ရွက်နိုင်ကြရန် အသိပေးတင်ပြအပ်ပါသည်။

WARM SEA SURFACE TEMPERATURES IN THE AREA ARE CONDUCIVE FOR FURTHER DEVELOPMENT.

UPPER-LEVEL ANALYSIS INDICATES THE DISTURBANCE IS LOCATED IN A MARGINALLY FAVORABLE ENVIRONMENT WITH MODERATE VERTICAL WIND SHEAR AND LIMITED OUTFLOW.
MAXIMUM SUSTAINED SURFACE WINDS ARE ESTIMATED AT 20 TO 25 KNOTS.

MINIMUM SEA LEVEL PRESSURE IS ESTIMATED TO BE NEAR 1004 MB.

DUE TO IMPROVED CONVECTION AND ORGANIZATION, THE POTENTIAL FOR THE DEVELOPMENT OF A SIGNIFICANT TROPICAL CYCLONE WITHIN THE NEXT 24 HOURS IS UPGRADED TO MEDIUM.

လေဖိအားနည်းဆဲလ် 92B
20 May 2014 1200Z
Location: 15.0 91.1
Winds: 20 knots
Central Pressure: 1002 hPa

MMweather.ygn::--
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment