Pages

Tuesday, May 20, 2014

အရက်ပြန်သောက်၍ သေကြောင်းကြံစည်သော အမျိုးသမီး မသေဘဲ တရားစွဲခံရ

RangonNewsDaily: May . 20 .2014
ရန်ကုန်မြို့လယ်တွင်နေသည့် ဈေးသည်အမျိုးသမီးတစ်ဦး စီးပွားရေးအဆင်မပြေ၍အရက်ပြန်သောက်ကာ
 သေကြောင်းကြံစည်ခဲ့ရာ အသက်မသေဘဲ တရားစွဲခံရကြောင်း သတင်းရရှိသည်။ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိထမင်းဆိုင်မှ အမျိုးသမီးတစ်ဦးသည် စီးပွားရေးအဆင်မပြေသောကြောင့် စိတ်ညစ်ပြီး မေလ ၁၈ ရက် ညအချိန်က အရက်ပြန်ပုလင်းအသေး သုံးပုလင်းကို သောက်ကာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
သို့သော်လည်းအိမ်သားများ သိသွား၍ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ)ရှိ အဆိပ်ရောဂါ
ကုသရေးဆေးကုဆောင်သို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။
::
ထို့ကြောင့် ၎င်းအမျိုးသမီး ကို မိမိကိုယ်ကိုယ်သေကြောင်းကြံစည်ခဲ့မှုပြစ်မှုဆိုင်ရာ ပုဒ်မ-၃၀၉ ဖြင့် လမ်းမတော်မြို့မရဲစခန်းမှ အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

‘‘သူ့ကို မစစ်ရသေးပေမယ့် ပတ်ဝန်းကျင်က သိရတာတော့ စီးပွားရေးအဆင်မပြေလို့ လင်မ ယားကွဲသွားတာ။ စိတ်ညစ်ပြီး အရက်ပြန်သောက်လိုက်တာလို့ ပြောကြတယ်။ သူ့ကို သေသေ ချာချာစစ်ဆေးပြီးမှပဲ တိတိကျကျသိရမှာ’’ဟု လမ်းမတော်မြို့မ
ရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
::
ရန်ကုန်မြို့တွင် စီးပွားရေးအဆင်မပြေသောကြောင့် မိမိကိုယ်ကိုကိုယ် သေကြောင်းကြံစည်ကြသူ အချို့ရှိနေရာ မသေသူများသည် သေကြောင်းကြံစည်ခဲ့မှု ဖြင့် တရားစွဲဆိုခံရကြောင်း ရှေ့ နေတစ်ဦးကပြောသည်။ အချို့ သူများသည် တရားရုံးသို့ ရောက် သောအခါ ဆေးမှားသောက်ခဲ့ သည်ဟု ထွက်ဆိုချက်ဖြင့် ထောင်တစ်နှစ်မကျခံရဘဲ တရားသေလွတ်မြောက်ခဲ့ကြသည်။

7 Day News ::--
KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment