Pages

Tuesday, May 20, 2014

Samsung က သူ့ရဲ့ဖုန်းအသစ် Galaxy K Zoom အကြောင်းဗီဒီယိုကိုပြသ


RangonNewsDaily: May . 20 .2014
Samsung ဟာ Galaxy K Zoom လို့အမည်ရတဲ့ Camera အသားပေး စမတ်ဖုန်းကိုမိတ်ဆက်လိုက်ပြန်ပါပြီ။ ဒီဖုန်းဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် Samsung Galaxy S4 Zoom ကဲ့သို့ Camera အသားပေးဖုန်းမျိုးပါပဲ။ ယခု Samsung ကုမ္ပဏီကနေ ယခုဖုန်းအကြောင်းကို အမြည်းအနေနဲ့ပြသထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို Youtube ပေါ်ကိုတင်လိုက်ပါတယ်။
 ယင်း ဗီဒီယိုမှာဆိုရင် Samsung Galaxy K Zoom ဖုန်းကို အလုပ်ခွင် ၊ ပန်းခြံ ၊ အိမ်ရာ ၊ ပျော်ပွဲစားစတဲ့နေရာစုံမှာ ဒီဖုန်းရဲ့ကင်မရာနဲ့မျိုးစုံရိုက်ကူးပြသထားပြီး ဒီ ဖုန်း Camera ရဲ့ zoom ဟာ ၁၀ ဆအထိချဲ့လို့ရကြောင်း ၊ 20 Megapixel ရှိတဲ့ပုံအရည်သွေးရရှိနိုင်ကြောင်းကို အသားပေးဖော်ပြသွားတာဖြစ်ပါတယ်။ 

Galaxy K Zoom ကို 

4.8-inch Super AMOLED display, 

2GB of RAM, 

an Exynos 5 Hexa System-on-Chip with six CPU cores, 

a Mali-T624 GPU, 2GB of RAM,

8GB of internal flash memory (expandable up to 64GB via microSD), 

LTE, Bluetooth 4.0, NFC နဲ့ 

a 2,430mAh removable battery စတဲ့နောက်ဆုံးပေါ် High-end hardware တွေနဲ့တပ်ဆင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Samsung က သူ့ရဲ့ဖုန်းအသစ် Galaxy K Zoom အကြောင်းဗီဒီယိုကိုပြသထားတဲ့ဗီဒီယိုကိုအောက်မှာကြည့်ရှုနိုင်ပါတယ်။






Thihahitke , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment